ကာတာေလေၾကာင္းလိုင္းက ရန္ကုန္ – ဒုိဟာ ကုန္တင္ေလယာဥ္ ေျပးဆြဲမယ္

0
437

ကာတာ ေလေၾကာင္းလုိင္းရဲ႕ ကုန္စည္တင္ေဆာင္တဲ့ ေလယာဥ္ေတြဟာ ရန္ကုန္ – ဒုိဟာၿမိဳ႕ကို တုိက္ရိုက္ပ်ံသန္း ေျပးဆြဲသြားမွာ ျဖစ္ပါတယ္။

A 330 အမ်ိဳးစားေလယာဥ္နဲ႔ ရန္ကုန္-ဒုိဟာကို တစ္ပတ္တစ္ႀကိမ္ ပ်ံသန္းသြားမွာျဖစ္ၿပီး ေလေၾကာင္း တစ္ေခါက္ကို ကုန္ပစၥည္း တန္ခ်ိန္ ၆၀ တင္ေဆာင္မွာျဖစ္ပါတယ္။ ကာတာေလေၾကာင္းလိုင္းက တာဝန္ရွိသူ မစၥတာ ဂီလူမီ ေဟာလက္ဇ္က ျမန္မာႏုိင္ငံဟာ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈနဲ႔ ေျဖေလွ်ာ့မႈ လုပ္ခဲ့ၿပီးေနာက္ အာဆီယံေဒသအတြင္းမွာ စီးပြားေရးလွ်င္ျမန္စြာ တုိးတက္လာခဲ့သလို ႏုိင္ငံျခား ရင္းႏွီးျမွပ္ႏွံမႈေတြ ျမင့္တက္လာခဲ့တယ္လို႔ ေျပာပါတယ္။

ကာတာႏုိင္ငံဟာ ျမန္မာႏုိင္ငံအတြက္ ေဒသအတြင္း ကုန္စည္ေတြအတြက္ ဝန္ေဆာင္မႈေပးမယ့္ ပထမဆံုးေလေၾကာင္းလုိင္း ျဖစ္လာေစခဲ့ပါတယ္။ ျမန္မာႏုိင္ငံဟာ ေလေၾကာင္းကေနတဆင့္ ကုန္ပစၥည္းတင္ပို႔မႈေတြဟာ ၂၀၁၄ ခုႏွစ္တည္းက ျမင့္တက္လာခဲ့ၿပီး ေလေၾကာင္းကေန ကုန္စည္ပို႔ေဆာင္မႈဟာ ၅၈ ရာခုိင္ႏႈန္းကေန ၈၇ ရာခုိင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။ ကာတာ ေလေၾကာင္းလုိင္းဟာ လက္ရွိ အခ်ိန္မွာလည္း ခရီးသည္ေတြကို ေန႔စဥ္ တင္ေဆာင္ေျပးဆြဲေနပါတယ္။
………………….. ။ ။……………………

ကာတာလေကြောင်းလိုင်းက ရန်ကုန် – ဒိုဟာ ကုန်တင်လေယာဉ် ပြေးဆွဲမယ်

ကာတာ လေကြောင်းလိုင်းရဲ့ ကုန်စည်တင်ဆောင်တဲ့ လေယာဉ်တွေဟာ ရန်ကုန် – ဒိုဟာမြို့ကို တိုက်ရိုက်ပျံသန်း ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

A 330 အမျိုးစားလေယာဉ်နဲ့ ရန်ကုန်-ဒိုဟာကို တစ်ပတ်တစ်ကြိမ် ပျံသန်းသွားမှာဖြစ်ပြီး လေကြောင်း တစ်ခေါက်ကို ကုန်ပစ္စည်း တန်ချိန် ၆၀ တင်ဆောင်မှာဖြစ်ပါတယ်။ ကာတာလေကြောင်းလိုင်းက တာဝန်ရှိသူ မစ္စတာ ဂီလူမီ ဟောလက်ဇ်က မြန်မာနိုင်ငံဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ဖြေလျှော့မှု လုပ်ခဲ့ပြီးနောက် အာဆီယံဒေသအတွင်းမှာ စီးပွားရေးလျှင်မြန်စွာ တိုးတက်လာခဲ့သလို နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ မြင့်တက်လာခဲ့တယ်လို့ ပြောပါတယ်။

ကာတာနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဒေသအတွင်း ကုန်စည်တွေအတွက် ဝန်ဆောင်မှုပေးမယ့် ပထမဆုံးလေကြောင်းလိုင်း ဖြစ်လာစေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ လေကြောင်းကနေတဆင့် ကုန်ပစ္စည်းတင်ပို့မှုတွေဟာ ၂၀၁၄ ခုနှစ်တည်းက မြင့်တက်လာခဲ့ပြီး လေကြောင်းကနေ ကုန်စည်ပို့ဆောင်မှုဟာ ၅၈ ရာခိုင်နှုန်းကနေ ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ကာတာ လေကြောင်းလိုင်းဟာ လက်ရှိ အချိန်မှာလည်း ခရီးသည်တွေကို နေ့စဉ် တင်ဆောင်ပြေးဆွဲနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)