ဦးပါေမာကၡကို ေထာင္ဒဏ္ တစ္လ ခ်မွတ္

0
514

ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္စမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ ဖမ္းဆီးခံထားရတဲ့ မေကြးေက်ာင္းတိုက္ ဆရာေတာ္ ဦးပါေမာကၡကို ၿငိမ္းစုစီ ပုဒ္မ ၁၉ အရ ေထာင္ဒဏ္ တစ္လ ခ်မွတ္လိုက္ၿပီး ပုဒ္မ ၅၀၅ (ခ) အတြက္ေတာ့ ဆက္လက္ စစ္ေဆးမွာ ျဖစ္ပါတယ္။

လူဝတ္လဲၿပီး ဖမ္းဆီးထားတဲ့ ဦးပါေမာကၡကို ဒီေန႔ ႏိုဝင္ဘာ ၂၁ မွာ ကမာရြတ္ၿမိဳ႕နယ္ တရား႐ံုးက ေထာင္ဒဏ္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။ လယ္ယာေျမကိစၥ ဆႏၵျပခြင့္ျပဳဖို႔ ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္ရဲစခန္းမွာ ခြင့္ျပဳခ်က္ပံုစံ လာေရာက္ေတာင္းယူစဥ္ ဝရမ္းေဟာင္းအရ မေကြးေက်ာင္းတိုက္ ဆရာေတာ္ ဦးပါေမာကၡကို လူဝတ္လဲ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဦးပါေမာကၡကို ၂၀၁၆ ခုႏွစ္ ဧၿပီလက အေမရိကန္ သံ႐ံုးေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့အတြက္ ၿငိမ္းစုစီ ပုဒ္မ ၁၉၊ ႏိုင္ငံေတာ္ အၾကည္ညိပ်က္ေစမႈ ၅၀၅ (ခ) တို႔နဲ႔ ကမာရြတ္ၿမိဳ႕နယ္ တရား႐ံုးမွာ တရားစြဲထားၿပီး လာေရာက္ အဖမ္းမခံတဲ့အတြက္ ဖမ္းဝရမ္းခဲ့တာ ျဖစ္ပါတယ္။
………………….. ။ ။ ……………………

ဦးပါမောက္ခကို ထောင်ဒဏ် တစ်လ ချမှတ်

နိုင်ငံတော် အကြည်ညို ပျက်စမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ငြိမ်းစုစီ ပုဒ်မ ၁၉ အရ ထောင်ဒဏ် တစ်လ ချမှတ်လိုက်ပြီး ပုဒ်မ ၅၀၅ (ခ) အတွက်တော့ ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။

လူဝတ်လဲပြီး ဖမ်းဆီးထားတဲ့ ဦးပါမောက္ခကို ဒီနေ့ နိုဝင်ဘာ ၂၁ မှာ ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လယ်ယာမြေကိစ္စ ဆန္ဒပြခွင့်ပြုဖို့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရဲစခန်းမှာ ခွင့်ပြုချက်ပုံစံ လာရောက်တောင်းယူစဉ် ဝရမ်းဟောင်းအရ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို လူဝတ်လဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဦးပါမောက္ခကို ၂၀၁၆ ခုနှစ် ဧပြီလက အမေရိကန် သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့အတွက် ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိပျက်စေမှု ၅၀၅ (ခ) တို့နဲ့ ကမာရွတ်မြို့နယ် တရားရုံးမှာ တရားစွဲထားပြီး လာရောက် အဖမ်းမခံတဲ့အတွက် ဖမ်းဝရမ်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)