အေမရိကန္မွာ ေရႊ႕ေျပာင္း အေျခခ်သူ ျမန္မာ ဆယ္ေက်ာ္သက္တစ္ဦး ပစ္သတ္ခံရ

0
472

မိသားစုကို ကူညီဖို႔ အဝတ္ေလွ်ာ္လုပ္ငန္းမွာ အခ်ိန္ပိုင္း လုပ္ကိုင္ေနသူ ေရႊေျပာင္း အေျခခ်တဲ့ ျမန္မာ ဆယ္ေက်ာ္သက္တစ္ဦးဟာ
ပစ္သတ္ခံခဲ့ရပါတယ္။

အေမရိကန္၊ ကန္ဆက္စ္ၿမိဳ႕ရွိ မာပယ္ေဟးလ္ အဝတ္ေလွ်ာ္ လုပ္ငန္းမွာ အသက္ ၁၅ ႏွစ္အရြယ္ ဒီဇင္ဘာထူး ေသနတ္နဲ႔ ပစ္သတ္ခံထားရတာကို ႏိုဝင္ဘာ ၁၈ ရက္ေန႔ မနက္က ေတြ႔ရွိခဲ့ပါတယ္။ ရဲကေတာ့ ႏိုဝင္ဘာ ၁၇ ရက္ေန႔ညမွာ အခင္းျဖစ္ပြားခဲ့တာလို႔ ယူဆပါတယ္။

အတန္းေဖာ္ေတြနဲ႔ ဆရာေတြက ဒီဇင္ဘာထူးဟာ ထိုင္း-ျမန္မာ နယ္စပ္ ဒုကၡသည္စခန္းကေန ကန္ဆက္စ္ၿမိဳ႕ကို ေရာက္လာတာလို႔ ေျပာပါတယ္။

ဒီဇင္ဘာထူးရဲ႕ မိခင္ မသန္းက အေမရိကန္မွာ ပိုၿပီး လံုၿခံဳမယ္လို႔ ေမွ်ာ္လင့္လို႔ ကေလး ၄ ေယာက္နဲ႔အတူ ေရႊ႕ေျပာင္း အေျခခ်ခဲ့တာ ျဖစ္တယ္လို႔ စကားျပန္ကတဆင့္ ေျပာပါတယ္။ ဒီဇင္ဘာထူးဟာ ေက်ာင္းက နပမ္းအားကစားအဖြဲ႔မွာ ပါဝင္ၿပီး အနာဂတ္မွာ နည္းမ်ိဳးစံုသံုး တိုက္ခိုက္ေရးသမား ျဖစ္လာဖို႔ ရည္ရြယ္ထားသူ ျဖစ္ပါတယ္။

အခုထက္ထိေတာ့ ဒီဇင္ဘာထူးကို ပစ္သတ္ခံရမႈနဲ႔ ပတ္သက္လို႔ ရဲေတြက သဲလြန္စ ရွာေဖြဆဲျဖစ္ၿပီး အဝတ္ေလွ်ာ္စက္ေတြရွိတဲ့ အလုပ္ခန္းထဲမွာလည္း ေစာင့္ၾကည့္ကင္မရာ တပ္မထားတာ ေတြ႔ရပါတယ္။ မသကၤာစရာေတြ႔ရင္ ရဲကို အေၾကာင္းၾကားေပးဖို႔ ႏိႈးေဆာ္ထားပါတယ္။
………………….. ။ ။ …………………

အမေရိကန်မှာ ရွှေ့ပြောင်း အခြေချသူ မြန်မာ ဆယ်ကျော်သက်တစ်ဦး ပစ်သတ်ခံရ

မိသားစုကို ကူညီဖို့ အဝတ်လျှော်လုပ်ငန်းမှာ အချိန်ပိုင်း လုပ်ကိုင်နေသူ ရွှေပြောင်း အခြေချတဲ့ မြန်မာ ဆယ်ကျော်သက်တစ်ဦးဟာ ပစ်သတ်ခံခဲ့ရပါတယ်။

အမေရိကန်၊ ကန်ဆက်စ်မြို့ရှိ မာပယ်ဟေးလ် အဝတ်လျှော် လုပ်ငန်းမှာ အသက် ၁၅ နှစ်အရွယ် ဒီဇင်ဘာထူး သေနတ်နဲ့ ပစ်သတ်ခံထားရတာကို နိုဝင်ဘာ ၁၈ ရက်နေ့ မနက်က တွေ့ရှိခဲ့ပါတယ်။ ရဲကတော့ နိုဝင်ဘာ ၁၇ ရက်နေ့ညမှာ အခင်းဖြစ်ပွားခဲ့တာလို့ ယူဆပါတယ်။

အတန်းဖော်တွေနဲ့ ဆရာတွေက ဒီဇင်ဘာထူးဟာ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းကနေ ကန်ဆက်စ်မြို့ကို ရောက်လာတာလို့ ပြောပါတယ်။

ဒီဇင်ဘာထူးရဲ့ မိခင် မသန်းက အမေရိကန်မှာ ပိုပြီး လုံခြုံမယ်လို့ မျှော်လင့်လို့ ကလေး ၄ ယောက်နဲ့အတူ ရွှေ့ပြောင်း အခြေချခဲ့တာ ဖြစ်တယ်လို့ စကားပြန်ကတဆင့် ပြောပါတယ်။ ဒီဇင်ဘာထူးဟာ ကျောင်းက နပမ်းအားကစားအဖွဲ့မှာ ပါဝင်ပြီး အနာဂတ်မှာ နည်းမျိုးစုံသုံး တိုက်ခိုက်ရေးသမား ဖြစ်လာဖို့ ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

အခုထက်ထိတော့ ဒီဇင်ဘာထူးကို ပစ်သတ်ခံရမှုနဲ့ ပတ်သက်လို့ ရဲတွေက သဲလွန်စ ရှာဖွေဆဲဖြစ်ပြီး အဝတ်လျှော်စက်တွေရှိတဲ့ အလုပ်ခန်းထဲမှာလည်း စောင့်ကြည့်ကင်မရာ တပ်မထားတာ တွေ့ရပါတယ်။ မသင်္ကာစရာတွေ့ရင် ရဲကို အကြောင်းကြားပေးဖို့ နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)