ရခိုင္ျပည္နယ္အေရး ႏွစ္ႏိုင္ငံ ေအးခ်မ္းစြာ ေဆြးေႏြးႏိုင္မယ္လို႔ ယံုၾကည္

0
431

ရခိုင္ျပည္နယ္ အေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ေအးခ်မ္းစြာ အျပန္အလွန္ ေဆြးေႏြးမႈေတြ လုပ္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ဥေရာပ ေကာ္မရွင္ ဒု ဥကၠ႒ မစၥက္ ဖက္ဒယ္ရီကာ မိုဂါရီနီက ေျပာပါတယ္။

(၁၃) ႀကိမ္ေျမာက္ အာရွ-ဥေရာပ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးတက္ေရာက္ဖို႔ ေနျပည္ေတာ္ကို ေရာက္ရွိေနတဲ့ ဒု ဥကၠ႒ မစၥက္ ဖက္ဒယ္ရီကာ မိုဂါရီနီက မေန႔က ႏိုဝင္ဘာ ၂၀ ရက္ေန႔မွာ မီဒီယာေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ နားလည္မႈေတြ ရရွိဖို႔ လိုအပ္တယ္၊ ဥေရာပသမဂၢ အေနနဲ႔ ဒီျဖစ္စဥ္ေပၚမွာ ကူညီေထာက္ပံ့မႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္လို႔လည္း သူက ေျပာပါတယ္။
……………….. ။ ။ ………………….
ရခိုင်ပြည်နယ်အရေး နှစ်နိုင်ငံ အေးချမ်းစွာ ဆွေးနွေးနိုင်မယ်လို့ ယုံကြည်

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အေးချမ်းစွာ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဥရောပ ကော်မရှင် ဒု ဥက္ကဋ္ဌ မစ္စက် ဖက်ဒယ်ရီကာ မိုဂါရီနီက ပြောပါတယ်။

(၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဒု ဥက္ကဋ္ဌ မစ္စက် ဖက်ဒယ်ရီကာ မိုဂါရီနီက မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှုတွေ ရရှိဖို့ လိုအပ်တယ်၊ ဥရောပသမဂ္ဂ အနေနဲ့ ဒီဖြစ်စဉ်ပေါ်မှာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)