မူဝါဒ ခ်မွတ္သူေတြ တစ္ဦးနဲ႔တစ္ဦး နားလည္သေဘာေပါက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
438

ဖြံ႔ၿဖိဳးၿပီးနဲ႔ အင္အားႀကီး ႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံအားလံုးဟာ အက်ပ္အတည္း၊ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္း၊ မူဝါဒ ခ်မွတ္သူေတြဟာ တစ္ဦးရဲ႕ အက်ပ္အတည္း အခက္အခဲကို တစ္ဦးက နားလည္ သေဘာေပါက္ေအာင္ ေဖာ္ေဆာင္ေပးႏိုင္မယ္ဆိုရင္ ကမာၻႀကီးရဲ႕ ျပႆနာေတြကို ကိုင္တြယ္ ေျဖရွင္းရာမွာ ပိုမိုလြယ္ကူ ထိေရာက္မယ္လို႔ ယံုၾကည္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

မေန႔က ႏိုဝင္ဘာ ၂၀ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ (၁၃) ႀကိမ္ေျမာက္ အာရွ-ဥေရာပ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝး ဖြင့္ပြဲအခမ္းအနားမွာ အစည္းအေဝး သဘာပတိ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ နဲ႔ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

ေအဆမ္ (ASEM) အေနနဲ႔ ျပည္တြင္းလံုၿခံဳေရးနဲ႔ သက္ဆိုင္တဲ့ ေဒသတြင္းနဲ႔ ႏိုင္ငံတကာဆိုင္ရာ ပဋိပကၡေတြ၊ အမ်ိဳးမ်ိဳးေသာ အၾကမ္းဖက္မႈ၊ အစြန္းေရာက္မႈေတြရဲ႕ အႏၱရာယ္တို႔လို စိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းမယ့္ ပိုတက္ၾကြတဲ့ မိတ္ဖက္ေတြ မရွိမျဖစ္ လိုတယ္လို႔လည္း သူက ေျပာပါတယ္။
………………… ။ ။ ………………….

မူဝါဒ ချမှတ်သူတွေ တစ်ဦးနဲ့တစ်ဦး နားလည်သဘောပေါက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွံ့ဖြိုးပြီးနဲ့ အင်အားကြီး နိုင်ငံတွေ အပါအဝင် နိုင်ငံအားလုံးဟာ အကျပ်အတည်း၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ မူဝါဒ ချမှတ်သူတွေဟာ တစ်ဦးရဲ့ အကျပ်အတည်း အခက်အခဲကို တစ်ဦးက နားလည် သဘောပေါက်အောင် ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ ပိုမိုလွယ်ကူ ထိရောက်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ အစည်းအဝေး သဘာပတိ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အေဆမ် (ASEM) အနေနဲ့ ပြည်တွင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ ပဋိပက္ခတွေ၊ အမျိုးမျိုးသော အကြမ်းဖက်မှု၊ အစွန်းရောက်မှုတွေရဲ့ အန္တရာယ်တို့လို စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းမယ့် ပိုတက်ကြွတဲ့ မိတ်ဖက်တွေ မရှိမဖြစ် လိုတယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)