ပဋိပကၡေတြက ၿခိမ္းေျခာက္မႈ အသစ္ေတြ ျဖစ္ေစတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
439

ကမာၻေပၚမွာ ျဖစ္ပြားတဲ့ ပဋိပကၡေတြဟာ ၿခိမ္းေျခာက္မႈ အသစ္ေတြကို ျဖစ္ေပၚေစခဲ့ၿပီး အဲဒါေတြကေတာ့ တရားမဝင္ ေရႊ႕ေျပာင္း သြားလာျခင္း၊ အၾကမ္းဖက္ျခင္းနဲ႔ အစြန္းေရာက္မႈ ပ်ံ႕ႏွံ႔လာျခင္း၊ လူမႈေရးဆိုင္ရာ သဟဇာတ မျဖစ္မႈနဲ႔ ႏ်ဴကလီယား စစ္ပြဲ အႏၱရာယ္တို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။

မေန႔က ႏိုဝင္ဘာ ၂၀ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ (၁၃) ႀကိမ္ေျမာက္ အာရွ-ဥေရာပ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝး ဖြင့္ပြဲအခမ္းအနားမွာ အစည္းအေဝး သဘာပတိ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ နဲ႔ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ပဋိပကၡေတြဟာ လူ႔အသိုက္အဝန္းေတြအတြင္း ၿခိမ္းခ်မ္းေရး ပ်က္ျပားေစၿပီး အက်ိဳးဆက္အားျဖင့္ ဆင္းရဲမြဲေတမႈနဲ႔ ဖြံ႔ၿဖိဳးမႈ ေနာက္က်တာေတြ ျဖစ္ေစတဲ့အျပင္ တစ္ဦးနဲ႔တစ္ဦး၊ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ေဝးကြာေစတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
……………….. ။ ။ …………………..

ပဋိပက္ခတွေက ခြိမ်းခြောက်မှု အသစ်တွေ ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ကမ္ဘာပေါ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ ခြိမ်းခြောက်မှု အသစ်တွေကို ဖြစ်ပေါ်စေခဲ့ပြီး အဲဒါတွေကတော့ တရားမဝင် ရွှေ့ပြောင်း သွားလာခြင်း၊ အကြမ်းဖက်ခြင်းနဲ့ အစွန်းရောက်မှု ပျံ့နှံ့လာခြင်း၊ လူမှုရေးဆိုင်ရာ သဟဇာတ မဖြစ်မှုနဲ့ နျူကလီယား စစ်ပွဲ အန္တရာယ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ အစည်းအဝေး သဘာပတိ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတာ ဖြစ်ပါတယ်။

ပဋိပက္ခတွေဟာ လူ့အသိုက်အဝန်းတွေအတွင်း ခြိမ်းချမ်းရေး ပျက်ပြားစေပြီး အကျိုးဆက်အားဖြင့် ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးမှု နောက်ကျတာတွေ ဖြစ်စေတဲ့အပြင် တစ်ဦးနဲ့တစ်ဦး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဝေးကွာစေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)