
0
465




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ သတင်းမီဒီယာ ကောင်စီ ကမ္ဘာ့အဖွဲ့ဝင် အဖြစ် ဝင်ခွင့်ရ

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဟာ ကမ္ဘာ့အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့သတင်း မီဒီယာကောင်စီများ အစည်းအဝေးကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဒု ဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းနဲ့ ကောင်စီဝင် ဦးဟန်ညွန့် (ဥပဒေ) တို့ တက်ရောက်ခဲ့ပြီး ကမ္ဘာ့အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုဖို့ တင်ပြခဲ့ရာမှာ အစည်းအဝေးက တညီတညွတ်တည်း ဝင်ရောက်ခွင့် ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ စာနယ်ဇင်းနေ့ အခမ်းအနားနဲ့ တောင်အာရှ နိုင်ငံများ သတင်းမီဒီယာ ကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ ကျင်းပပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)