မူဆယ်မြို့မှာ ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနိုင်ပြီ

0
314

KIA ၊TNLA နဲ့ MNDAA လက်နက်ကိုင်အဖွဲ့ကပိတ်ဆို့ထားတဲ့ နေရာတွေကို တပ်မတော်စစ်ကြောင်းနဲ့ပြည်သူလူထု ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ
ဒီကနေ့ နံနက် ၉ နာရီခွဲမှာ ပိတ်ဆို့မှုအား ရှင်းလင်းနိုင်ခဲ့ပြီး ယာဉ်တွေပုံမှန် အတိုင်းသွားလာနိုင်ပြီဖြစ်ပါတယ်။

15135672_1010721622388185_1504374964_n

KIA နဲ့ TNLA ပူးပေါင်းအဖွဲ့တွေဟာ မူဆယ်မြို့ရဲ့တောင်ဘက် မိုင် (၂၀)ခန့် အကွာ နမ့်အွန်ကျေးရွာအ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေသွားလာလို့မရအောင် ၂၂ ဘီး တွဲကား ၄ စီး၊ ၁၂ ဘီးကား ၁ စီး၊ ဆီဘောက်စာ ၁ စီးတို့ကို ခြိမ်းခြောက် အသုံးပြုပြီး ပိတ်ဆို့ ထားကာ ကားသော့တွေကို ဖြုတ်ယူသိမ်းဆည်း သွားခဲ့တာကြောင့် နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီခွဲက စတင်ပြီးလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီလိုလမ်းပိတ်ဆို့ထားတဲ့ နေရာတွေကို တပ်မတော်စစ်ကြောင်းနဲ့ ပြည်သူလူထုက ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)