Water Taxi စနစ် အကောင်အထည်ဖော်ဖို့အတွက် တင်ဒါ စတင်ခေါ်ပြီ

0
346

ရန်ကုန်မြို့ မြစ်ကြောင်းတစ်လျှောက်ပြေးဆွဲမယ့် Water Taxi စနစ်အကောင်အထည်ဖော်ဖို့အတွက် တင်ဒါစတင် ခေါ်လိုက်ပြီဖြစ်ပါတယ်။

15174521_1010714309055583_347630571_n

အဲဒီတင်ဒါကိုစိတ်ဝင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်လာလ ၂၆ ရက်နေ့အထိလျှောက်ထားမှုတွေကို ပြုလုပ်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆော င်ရေးကြီးကြပ်ကွတ်ကဲမှု အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောကြားလိုက်တာပါ။

ရေကြောင်း သယ်ယူပို့ ဆောင်ရေးစနစ်ကို လှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်းတစ်လျောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်တွေက ကွင်းဆင်းဆောင်ရွက်တာတွေ ပြုလုပ်ပြီးတဲ့အတွက် အခုလိုပြည်တွင်းပြည်ပ လုပ်ငန်း ရှင်တွေကို တင်ဒါခေါ်ယူ လိုက်တာဖြစ်ပါတယ်။

ပြေးဆွဲမဲ့ ခရီးစဉ်တွေမှာ လှိုင်မြစ်ကြောင်း အတွင်းခရီးသည် ၅၀ မှ ၁၀၀ တင်ဆောင်နိုင်တဲ့ ရေယာဉ်၊ ငမိုးရိပ်ချောင်းတစ်လျောက် ခရီးသည် ၃၅ ဦးမှ ၆၀ ကြားတင်ဆောင်နိုင်တဲ့ရေ ယာဉ်တွေနဲ့ ပြေးဆွဲ မှာဖြစ်ပြီးလုပ်ငန်းအတွက်အဆိုပြုလွှာလျှောက်လွှာပုံစံနဲ့ တင်ဒါစည်းမျဥ်းစည်းကမ်းချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)