အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်လို သံသယရှိသူ ၆၀ ဦးကို ထပ်မံဖမ်းဆီး

0
291

ရခိုင်ပြည်နယ်မောင်တော အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်လို သံတယရှိသူ ၆၀ ကို သက်ဆိုင်ရာက ထပ်မံဖမ်းဆီးလိုက်ပါတယ်။

15151114_1010701599056854_856594167_n

အဲဒီသံသယရှိသူတွေဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ကြက်ရိုးပြင်ကျေးရွာ အတွင်းက သူတွေဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့က အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ငါးခူရနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်မှာ အခုလို ဖမ်းဆီးလိုက်တာပါ။

အဲဒီဖမ်းဆီးခံရသူတွေဟာ အောက်တိုဘာလ ၁၁ ရက်နေ့က ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနဲ့ ပြောင်ပိုက်ကျေးရွာတွေ အနီးပတ်ဝန်းကျင်အနီး အကြမ်းဖက်တိုက်ခိုက်ခံရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦးကျဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)