ဝန်ကြီးဒေါက်တာဖေမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပြန်လည် ရောက်ရှိ

0
290

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှ နိုဝင်ဘာလ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

15128754_1010701589056855_1423533769_n

ဝန်ကြီးနဲ့ အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ မှာ ကျင်းပတဲ့ ပြန်ကြားရေး၊ ဆက်သွယ်ရေးနဲ့သတင်းမီဒီယာ နယ်ပယ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဖွံဖြိုးတိုး တက်ရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နဲ့ အတူအမျိုးသား လွှတ်တော်၊ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားညွန်ကြားရေးမှူး ချုပ်ဦးမြင့်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးမြင့်ကျော်နဲ့ ဦးအောင်ရှင် (မုံရွာအောင်ရှင်)တို့ ပြန်လည် လိုက်ပါလာခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)