KIA/TNLA/နဲ့ MNDAA စတဲ့ လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လာ

0
316

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ ရှိတဲ့ တပ်စခန်း၊ ရဲစခန်းတွေနဲ့ ၁၀၅ မိုင်ကုန်သွယ်မှု စခန်း တွေကို KIA/TNLA/ နဲ့ MNDAA စတဲ့ လက်နက်ကိုင်အဖွဲ့တွေစုပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုတွေပြု လုပ်ခဲ့ပါတယ်။

15151444_1010701645723516_578568712_n

နိုဝင်ဘာလ ၂၀ နေ့ မနက်၂ နာရီခန့်မှာ အခုလိုလာရောက် တိုက်ခိုက်ကြတာဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့ရပြီး အပြစ်မဲ့ ပြည်သူတွေလည်း သေဆုံးမှုတွေ ရှိနေတဲ့အပြင် တံတားသုံးစင်းကိုလည်း မိုင်းခွဲခဲ့ကြပါတယ်။ KIA/TNLA/နဲ့MNDAAပူးပေါင်းအဖွဲ့ဟာ အလစ် အငိုက်ကို ရယူပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ၊ မိုင်းထောင်ဖောက်ခွဲတာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတိုက် ခိုက်မှုကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ် ၁ ဦး၊ ပြည်သူ ၃ ဦး ကျဆုံး/သေဆုံးခဲ့ရပြီး ရတပ်ဖွဲ့ဝင် ၉ ဦး၊ အကောက်အခွန်ဝန်ထမ်း၂-ဦး၊ ပြည်သူ ၁၈ ဦး၊ စုစုပေါင်း ၂၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အစုံ ၈ လက် ဆုံးရှုံးခဲ့ရပါတယ်။ သောင်းကြမ်းသူတွေကို တပ်မတော်စစ်ကြောင်းတွေနဲ့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)