သမၼတပညာသင္ဆုကို ႏိုင္ငံေတာ္ပညာေတာ္သင္ဆုအမည္ ေျပာင္း

0
368

ဦးသိန္းစိန္လက္ထက္ သမၼတပညာသင္ဆုကို ႏိုင္ငံေတာ္ပညာေတာ္သင္ဆုအမည္အျဖစ္ ေျပာင္းလဲခဲ့ၿပီး ႏိုင္ငံေတာ္ပညာ ေတာ္သင္ဆု စိစစ္ေရးေကာ္မတီကို လည္း ျပင္ဆင္ဖြဲ႔စည္းခဲ့တယ္လို႔ ပညာေရး ဒု-ဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာပါတယ္။

ေအာက္တိုဘာ ၂၀ ရက္ ျပည္သူ႔လႊတ္ေတာ္မွာ ေအာင္ေျမသာစံ မဲဆႏၵနယ္က ေဒါက္တာဦးလွမိုးရဲ႔ ႏိုင္ငံေတာ္သမၼတ ပညာသင္ဆုနဲ႔ ပတ္သက္တဲ့ ေမးခြန္းကိုေျဖရင္း ဒု၀န္ၾကီးက ေျပာခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ပညာေတာ္သင္ဆု ေရြးခ်ယ္ေရးလုပ္ငန္းအဖြဲ႔အေနနဲ႔ ႏုိင္ငံေတာ္ပညာေတာ္သင္ဆု ေရြးခ်ယ္ခ်ီးျမႇင့္ေရး စီမံခ်က္ပါအေသးစိတ္ အခ်က္အလက္မ်ားကို ဆက္စပ္ဝန္ႀကီးဌာနမ်ားနဲ႔ ေပါင္းစပ္ညႇိႏိႈင္းျပဳစုလ်က္ရွိၿပီး ျပဳစုၿပီးပါက ပညာေရးဝန္ႀကီး ဌာန၊ စီမံခန္႔ခြဲေရး ေကာ္မတီအစည္း အေဝးမွာ တင္ျပအတည္ျပဳခ်က္ရယူမွာ ျဖစ္ပါတယ္။

စီမံခ်က္နဲ႔ အညီ ေဆာင္ရြက္မယ့္ လုပ္ငန္းစဥ္မ်ားကို ႏိုင္ငံေတာ္သမၼတရံုးသို႔ တင္ျပလမ္းညႊန္မႈခံယူ ေဆာင္ရြက္သြားမွာလည္း ျဖစ္ပါတယ္။
ႏုိင္ငံေတာ္ပညာေတာ္သင္ဆု ေရြးခ်ယ္ခ်ီးျမႇင့္ေရးနဲ႔ စပ္လ်ဥ္းၿပီး အေသးစိတ္စီမံခ်က္မ်ား ေရးဆြဲ ေဆာင္ရြက္ၿပီးပါက ေလွ်ာက္ထားသူမ်ားအတြက္ သတ္မွတ္ခ်က္မ်ား၊ ေရြးခ်ယ္ေရးမူမ်ားကို ဝန္ႀကီးဌာန၏ Official Website နဲ႔ အစိုးရပိုင္ သတင္းစာမ်ားတြင္ ထည့္သြင္းေၾကာ္ျငာေပးမွာ ျဖစ္ပါတယ္။
……………………. ။ ။ ……………………….

သမ္မတပညာသင်ဆုကို နိုင်ငံတော်ပညာတော်သင်ဆုအမည် ပြောင်း

ဦးသိန်းစိန်လက်ထက် သမ္မတပညာသင်ဆုကို နိုင်ငံတော်ပညာတော်သင်ဆုအမည်သို့ ပြောင်းလဲခဲ့ပြီး နိုင်ငံတော်ပညာ တော်သင်ဆု စိစစ်ရေးကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ပညာရေး ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက် ပြည်သူ့လွှတ်တော်မှာ အောင်မြေသာစံ မဲဆန္ဒနယ်က ဒေါက်တာဦးလှမိုးရဲ့ နိုင်ငံတော်သမ္မတ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ မေးခွန်းကိုဖြေရင်း ဒုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်ပညာတော်သင်ဆု ရွေးချယ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့ နိုင်ငံတော်ပညာတော်သင်ဆု ရွေးချယ်ချီးမြှင့်ရေး စီမံချက်ပါအသေးစိတ် အချက်အလက်များကို ဆက်စပ်ဝန်ကြီးဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်းပြုစုလျက်ရှိပြီး ပြုစုပြီးပါက ပညာရေးဝန်ကြီး ဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးမှာ တင်ပြအတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။

စီမံချက်နဲ့ အညီ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှုခံယူ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
နိုင်ငံတော်ပညာတော်သင်ဆု ရွေးချယ်ချီးမြှင့်ရေးနဲ့ စပ်လျဉ်းပြီး အသေးစိတ်စီမံချက်များ ရေးဆွဲ ဆောင်ရွက်ပြီးပါက လျှောက်ထားသူများအတွက် သတ်မှတ်ချက်များ၊ ရွေးချယ်ရေးမူများကို ဝန်ကြီးဌာန၏ Official Website နဲ့ အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်းကြော်ငြာပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)