
0
360



……………………… ။ ။ …………………………

သုံးနှစ်အတွင်း ကမ္ဘာ့ဆန်အများဆုံးတင်ပို့နိုင်ငံ စာရင်း ဝင်အောင် လုပ်မယ်

သုံးနှစ်အတွင်း ကမ္ဘာ့ဆန် အများဆုံး တင်ပို့တဲ့ ငါးနိုင်ငံ စာရင်းမှာ မြန်မာ ပါဝင်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တာဝန်ရှိသူတဦးက ပြောပါတယ်။

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ဆန်တန်ချိန် လေးသန်းအထိ တင်ပို့နိုင်ပြီး ကမ္ဘာ့ဆန်အများဆုံး တင်ပို့တဲ့ ငါးနိုင်ငံ စာရင်း ပါဝင်နိုင်‌ဖို့ ကြိုးပမ်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း မြန်မာ့ဆန် တန်ချိန် ၂ ဒသမ ၅ သန်းလောက်အထိ ပြည်ပတင်ပို့နိုင်ဖို့ ရှိနေပြီး တန်းမြင့်ဆန်များ ပိုမိုတင်ပို့နိုင်ဖို့ အရည်အသွေးမီ ဆန်စက်ကြီးများ ကို အစိုးရ၊ ပုဂ္ဂလိကနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်နေပါတယ်။
အခုနှစ်အတွင်း ကမ္ဘာ့ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံက အိန္ဒိယ ဖြစ်ပြီး ဒုတိယက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)