
0
329



အစိုးရက တတိယအကြိမ် ပင်လုံညီလာခံကို ဒီဇင်ဘာမှာကျင်းပပြုလုပ်ဖို့ ရည်မှန်းလုပ်ဆောင်နေပြီး ဒီအတောအတွင်းမှာ NCA ကောင်အထည်ဖော်မှု လုပ်ငန်းများကို ပြန်သုံးသပ်ကြဖို့ သဘောတူထားပါတယ်။
…………………. ။ ။ …………………….

ငြိမ်းချမ်းရေးဖြစ်စဉ် သုံးသပ်ဖို့ သုံးပွင့်ဆိုင် ဆွေးနွေးမယ်
ငြိမ်းချမ်းရေးဖြစ်စဉ်နှောင့်နှေးနေတဲ့အပိုင်းတွေကို သုံးသပ်ပြင်ဆင်ဖို့ အစိုးရ၊နိုင်ငံရေးပါတီနဲ့ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့ ၈ခုတို့ သုံးပွင့်ဆိုင်ဆွေးနွေးကြမယ်လို့ အပစ်ရပ်တပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။
အခုလကုန်ပိုင်းမှာ ဆွေးနွေးကြမှာဖြစ်ပြီး အစုအဖွဲ့အားလုံးသဘောတူတဲ့အချက်တွေကို ရွေးထုတ်စုစည်းသွားမှာဖြစ်တယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)အစည်းအဝေးလည်း ဆက်တိုက်ကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
အစိုးရက တတိယအကြိမ်ပင်လုံညီလာခံကို ဒီဇင်ဘာမှာကျင်းပပြုလုပ်ဖို့ ရည်မှန်းလုပ်ဆောင်နေပြီး ဒီအတောအတွင်းမှာ အန်စီအေအကောင်အထည်ဖော်မှုလုပ်ငန်းများကို ပြန်သုံးသပ်ကြဖို့ သဘောတူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)