ရွမ္းေျမာက္မွာ တိုက္ပြဲ သံုးႀကိမ္ျဖစ္

0
383

ရွမ္းျပည္နယ္၊ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဆန္ၿမိဳ႕နယ္နဲ႔ ကြတ္ခုိင္ၿမဳိ႕နယ္ တို႔မွာ ေအာက္တိုဘာလ ၂၀ ရက္က တအန္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA နဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲ ၃ ေနရာ ျဖစ္ပြားခဲ့တယ္လို႔ တအန္းတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

နံနက္ ၆း၃၀ ကေန ၇း၁၂ နာရီအခ်ိန္ထိ တပ္မဟာ ၂ နယ္ေျမ ေက်ာက္မဲၿမိဳ႕နယ္ ကြင္းစလန္းေက်းရြာအနီး၊ ေန႔လည္ ၁၀း၄၅ နာရီအခ်ိန္မွာ အာရမ္းေက်းရြာ အေနာက္ေျမာက္ဖက္ အာရမ္းရြာနဲ႔ ေတာင္ေက်ာ္ေက်းရြာ လမ္းခြဲ၊ ေန႔လည္ ၁၀း၃၀ ကေန ၁၁း၀၀ နာရီအခ်ိန္ထိ ကြတ္ခိုင္ၿမိဳ႕နယ္ ေနာင္ေလာင္းေက်းရြာအနီးတို႔မွာ တိုက္ပြဲျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

ထိခိုက္ဒဏ္ရာရရွိမွုနဲ႔ ေသဆံုးမွု ရွိ မရွိ သတင္းမွာ ေဖာ္ျပမထားဘဲ ေအာက္တိုဘာလ ၁၉ ရက္ ေန႔ကစျပီး တပ္မေတာ္က စစ္ကား ၅၀ စီး လားရိႈးကေန မူဆယ္လမ္းမအတိုင္း ထပ္မံ အင္အားျဖည့္ ပို႔ေဆာင္ခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
………………… ။ ။ …………………

ရှမ်းမြောက်မှာ တိုက်ပွဲ သုံးကြိမ်ဖြစ်

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် တို့မှာ အောက်တိုဘာလ ၂၀ ရက်က တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့တယ်လို့ တအန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နံနက် ၆း၃၀ ကနေ ၇း၁၂ နာရီအချိန်ထိ တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် ကွင်းစလန်းကျေးရွာအနီး၊ နေ့လည် ၁၀း၄၅ နာရီအချိန်မှာ အာရမ်းကျေးရွာ အနောက်မြောက်ဖက် အာရမ်းရွာနဲ့ တောင်ကျော်ကျေးရွာ လမ်းခွဲ၊ နေ့လည် ၁၀း၃၀ ကနေ ၁၁းဝ၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် နောင်လောင်းကျေးရွာအနီးတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှု ရှိ မရှိ သတင်းမှာ ဖော်ပြမထားဘဲ အောက်တိုဘာလ ၁၉ ရက် နေ့ကစပြီး တပ်မတော်က စစ်ကား ၅၀ စီး လားရှိုးကနေ မူဆယ်လမ်းမအတိုင်း ထပ်မံ အင်အားဖြည့် ပို့ဆောင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)