ႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္တည္ေထာင္ေရး ေဆြးေႏြး

0
471

ႏိုင္ငံေတာ္ပိုင္ၿဂိဳဟ္တုစနစ္ တည္ေထာင္ႏိုင္ေရး အတြက္ အခ်ိဳးက်ပူးတြဲ ပိုင္ဆိုင္တဲ့စနစ္ကို အဓိကထားေဆာင္ရြက္သြားမွာျဖစ္တယ္လို႔  ဒုတိယသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။

ေအာက္တိုဘာ ၂၀ရက္က ေနျပည္ေတာ္မွာလုပ္တဲ့ ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္တည္ေထာင္ေရး ဦးေဆာင္ေကာ္မတီ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ  MyanmarSat – 1 ကို ငွားရမ္း သံုးစြဲေနျပီး  ေနာက္ထပ္ MyanmarSat – 2 ကို လႊတ္တင္ ႏုိင္ေရးနဲ႔ အခ်ိဳးက် ပူးတြဲ ပိုင္ဆိုင္ႏုိင္ေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆြးေႏြး ေနဆဲျဖစ္တယ္။

ကုန္က်စရိတ္ အေမရိကန္ေဒၚလာ ၁၅၅ ဒသမ ၇ သန္းရွိၿပီး ၁၀ ရစ္ ေပးေခ်ရမည္ျဖစ္တယ္၊ ကုန္က် စရိတ္မ်ားကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္နဲ႔ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ကာလမ်ားမွာ  ေပးသြင္းဖို႔  ညႇိႏႈိင္းထားတယ္လို႔လည္း  ဒုသမၼတ က ေျပာပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ၂၀၁၉ ခုႏွစ္ ဇြန္လမွာ  MyanmarSat-2 ကို စတင္အသံုးျပဳ ႏုိင္မွာျဖစ္ျပီး  MyanmarSat 2 ကို ေအာင္ျမင္စြာ လည္ပတ္ ႏိုင္ဖို႔  တခ်ိန္တည္းမွာ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ႏိုင္ မယ့္ နည္းလမ္းမ်ားကို  ႀကိဳးစားေဆာင္ရြက္မွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဆွေးနွေး

နိုင်ငံတော်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အတွက် အချိုးကျပူးတွဲ ပိုင်ဆိုင်တဲ့စနစ်ကို အဓိကထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ရက်က နေပြည်တော်မှာလုပ်တဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ MyanmarSat – 1 ကို ငှားရမ်း သုံးစွဲနေပြီး နောက်ထပ် MyanmarSat – 2 ကို လွှတ်တင် နိုင်ရေးနဲ့ အချိုးကျ ပူးတွဲ ပိုင်ဆိုင်နိုင်ရေးလုပ်ငန်းများကို ဆက်လက်ဆွေးနွေး နေဆဲဖြစ်တယ်။

ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းရှိပြီး ၁၀ ရစ် ပေးချေရမည်ဖြစ်တယ်၊ ကုန်ကျ စရိတ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလများမှာ ပေးသွင်းဖို့ ညှိနှိုင်းထားတယ်လို့လည်း ဒုသမ္မတ က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ် ဇွန်လမှာ MyanmarSat-2 ကို စတင်အသုံးပြု နိုင်မှာဖြစ်ပြီး MyanmarSat 2 ကို အောင်မြင်စွာ လည်ပတ် နိုင်ဖို့ တချိန်တည်းမှာ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင် မယ့် နည်းလမ်းများကို ကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)