ခိုးကူးတွေကို Viber ကနေ တိုင်ကြားနိုင်ပြီ

0
327

မြန်မာတေးသီချင်း၊ စီဒီ၊ ဗွီစီဒီ၊ ဒီဗွီဒီတွေကို တရားမ၀င်ကူးယူသူတွေကို တွေ့ရင်  Viber  ကနေ တဆင့် တိုင်ကြားနိုင်ကြောင်း  မြန်မာနိုင်ငံ ဂီတအစည်းအရုံးက သတင်းထုတ်ပြန်လာပါတယ်။

12107782_980230122036016_682562988935857587_n

မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့  တရားဝင် Viber ဖုန်းနံပတ်ဖြစ်တဲ့  ၀၉ ၇၈၆၈၂၀၀၂၇ ကို အောက်တိုဘာလ ၂၀ ရက်နေ့က စတင် တိုင်ကြားနိုင်ပြီဖြစ်တဲ့အကြောင်း ဂီတအစည်းအရုံးက သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြားလိုက်တာပါ။

တိုင်ကြားခံသူတွေကို မြန်မာနိုင်ငံဂီတအစည်းအရုံးအနေနဲ့၁၉၉၆ ခုနှစ် ရုပ်မြင်သံကြား ဗွီဒီယိုအက်ဥပဒေ အပါအ၀င် တခြား လိမ်လည်မှု၊ အတုအပပြုလုပ်မှု၊ ပုံနှိုပ်ဥပဒေစတဲ့ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားဖို့ ရှိနေတာပါ။

အရေးယူခံရသူတွေအနေနဲ့ ဥပေဒအရ ထောင်ဒဏ်၊ ငွေဒဏ်လို ပြစ်ဒဏ်တွေအပြင် မူပိုင်ခွင့်ဆိုင်ရာ နစ်နာကြေး လျော်ကြေးငွေတွေကိုပါ ကျခံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)