ပြည်ပရောက် ကြိုတင်မဲလက်မှတ် မှားယွင်းမှုတွေ ဘယ်နေရာမှာ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ မသိဟု ကော်မရှင်ဥက္ကဌဆို

0
353

ပြည်ပရောက် ကြိုတင်မဲလက်မှတ် မှားယွင်းမှု၊ လွဲမှားမှုတွေနဲ့ လိုအပ်မှုတွေ ဘယ်နေရာမှာ ဖြစ်ပေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

1798555_616147868510915_6464632061792613116_n

 

အောက်တိုဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ ကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုအပြီး နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်း နဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ်မှာ ကော်မရှင်ဥက္ကဌက အဲ့လို ပြောကြားလိုက်တာပါ။

ပြည်ပနိုင်ငံကနေ ကြိုတင်မဲပေးသူအချို့ လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေအတွက် မဲပေးပိုင်ခွင့်ရှိတဲ့ မဲလက်မှတ်အရေအတွက် အပြည့်မရရှိမှုတွေအပေါ် မြန်မာ့အလင်းသတင်းစာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားစဉ်မှာ အဲ့ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)