နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးမှု မရှိသူကို ရွေးချယ်ဖို့ ကာကွယ်ရေးဦးစီးချုပ်ပြောကြား

0
351

တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးမှု မရှိသူကို ရွေးချယ် ဆန္ဒမဲပေးကြဖို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

MIN AUNG HLAING_01

အောက်တိုဘာလ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းခန်းမမှာ အရာရှိ၊ စစ်သည်တွေကို အမှာစကားပြောကြားစဉ် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားလိုက်တာပါ။

ဒါအပြင် မဲပေးရွေးချယ်ရာမှာ အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ တပ်မတော်အပေါ် စာနာနားလည်မှုရှိသူ၊ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး ကာကွယ်ရေး အမြင် (၄) မျိုး ရှိသူ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့ကိုလည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)