မေလးရွားမွာ ၂၀၁၄ ခုႏွစ္ကတည္းက အတုအပ ထုတ္လုပ္ေနတယ္လို႔ Grand Royal Group ထုတ္ျပန္

0
992

မေလးရွားႏိုင္ငံမွာ အရက္အဆိပ္သင့္ ေသဆံုးမႈနဲ႔ပတ္သက္ၿပီး Grand Royal တံဆိပ္ပါဝင္ေနမႈနဲ႔ ပတ္သက္လို႔ မေလးရွားမွာ တံဆိပ္အတုအပလုပ္ၿပီး ထုတ္လုပ္ေရာင္းခ်ေနလို႔ ၂၀၁၇ ခုႏွစ္ကတည္း ဝီစကီ တင္ပို႔မႈ ရပ္တန္႔ထားတယ္လို႔ Grand Royal Group က သတင္းထုတ္ျပန္ထားပါတယ္။

စစ္တမ္းအရ မေလးရွားမွာ Grand Royal ဝီစကီကို တံဆိပ္အတုအပ ျပဳလုပ္ၿပီး ထုတ္လုပ္ေရာင္းခ်ေနတာ ၂၀၁၄ ခုႏွစ္ကတည္းက ျဖစ္ေၾကာင္း၊ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတာကို Grand Royal Group က တတ္ႏိုင္တဲ့ဘက္ကေန ပူးေပါင္းပါဝင္ဖို႔ အသင့္ရွိေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေလးရွားႏိုင္ငံမွာ စက္တင္ဘာ ၁၄ ရက္ေန႔ကစၿပီး အရက္ဆိပ္သင့္မႈေၾကာင့္ ၁၉ ဦး ေသဆံုးၿပီး လူ ၃၀ ေဆး႐ံုတင္ထားရပါတယ္။ သူတို႔ ေသာက္ခဲ့တဲ့ အရက္ေတြက Mandalay Whiskey, Grand Royal Whiskey နဲ႔ Kingfisher Beer တို႔ ျဖစ္တယ္လို႔ မေလးရွားရဲက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ ၂၀၁၄ ခုနှစ်ကတည်းက အတုအပ ထုတ်လုပ်နေတယ်လို့ Grand Royal Group ထုတ်ပြန်

မလေးရှားနိုင်ငံမှာ အရက်အဆိပ်သင့် သေဆုံးမှုနဲ့ပတ်သက်ပြီး Grand Royal တံဆိပ်ပါဝင်နေမှုနဲ့ ပတ်သက်လို့ မလေးရှားမှာ တံဆိပ်အတုအပလုပ်ပြီး ထုတ်လုပ်ရောင်းချနေလို့ ၂၀၁၇ ခုနှစ်ကတည်း ဝီစကီ တင်ပို့မှု ရပ်တန့်ထားတယ်လို့ Grand Royal Group က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တမ်းအရ မလေးရှားမှာ Grand Royal ဝီစကီကို တံဆိပ်အတုအပ ပြုလုပ်ပြီး ထုတ်လုပ်ရောင်းချနေတာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကို Grand Royal Group က တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး အရက်ဆိပ်သင့်မှုကြောင့် ၁၉ ဦး သေဆုံးပြီး လူ ၃၀ ဆေးရုံတင်ထားရပါတယ်။ သူတို့ သောက်ခဲ့တဲ့ အရက်တွေက Mandalay Whiskey, Grand Royal Whiskey နဲ့ Kingfisher Beer တို့ ဖြစ်တယ်လို့ မလေးရှားရဲက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)