တည္းခိုခန္းမွာ လူသတ္မႈ က်ဴးလြန္သူ အမ်ိဳးသမီးကို ဖမ္းမိ

0
1330

ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ ေတာင္လုံးျပန္ရပ္ကြက္၊ အထက္ပုဇြန္ေတာင္လမ္း၊ ေရေက်ာ္မီးပြိဳင့္အနီးရွိ ရြိဳင္ရယ္တည္းခုိခန္းမွာ စက္တင္ဘာ ၁၆ ရက္ေန႔က အသတ္ခံရတဲ့ အမ်ိဳးသားအမႈနဲ႔ပတ္သက္ၿပီး သတ္သြားတဲ့ အမ်ိဳးသမီးကို ဖမ္းမိၿပီ ျဖစ္ပါတယ္။

က်ဴးလြန္သူ လင္းလင္းခိုင္ (၃၉ ႏွစ္)ဟာ ေသဆုံးသူ ထြန္းလင္းေအာင္ (ခ) ဖိုးေထာင္နဲ႔ Facebook မွာ ေတြ႔ၾကၿပီး ထြန္းလင္းေအာင္က လူပ်ိဳလို႔ လိမ္လည္ထားကာ အျပင္မွာေတြ႔ဆံုၿပီး အတူေနထိုင္ခဲ့ၾကပါတယ္။ အဲဒီေနာက္ ထြန္းလင္းေအာင္က ျမဝတီၿမိဳ႕ကို ေခၚသြားၿပီး အိမ္တစ္အိမ္မွာ ပစ္ထားခဲ့စဥ္ အမ်ိဳးသမီးတစ္ဦးက ထိုင္းႏိုင္ငံကို ပို႔မယ္ေျပာလို႔ ရန္ကုန္ကို လင္းလင္းခိုင္ ျပန္ထြက္ေျပးခဲ့ပါတယ္။

ရန္ကုန္ျပန္ေရာက္ၿပီးေနာက္ နာက်ည္းတဲ့အတြက္ ထီေပါက္တယ္လို႔ လိမ္လည္ေျပာဆို ေခၚယူၿပီး တည္းခိုခန္းမွာ ေရႊဆြဲႀကိဳးအတု ဆြဲေပးၿပီးေနာက္ လွဲအိပ္စဥ္ ဓားနဲ႔ ေက်ာနဲ႔ ရင္ဘတ္ကို တစ္ခ်က္စီ ထိုးခဲ့တာ ျဖစ္ပါတယ္။ လင္းလင္းခိုင္ကို ဒီေန႔ စက္တင္ဘာ ၂၁ ရက္ေန႔ မနက္အေစာပိုင္းက ေဒါပံုၿမိဳ႕နယ္မွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တည်းခိုခန်းမှာ လူသတ်မှု ကျူးလွန်သူ အမျိုးသမီးကို ဖမ်းမိ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်မီးပွိုင့် အနီးရှိ ရွိုင်ရယ် တည်းခိုခန်းမှာ စက်တင်ဘာ ၁၆ ရက်နေ့က အသတ်ခံရတဲ့ အမျိုးသားအမှုနဲ့ ပတ်သက်ပြီး သတ်သွားတဲ့ အမျိုးသမီးကို ဖမ်းမိပြီ ဖြစ်ပါတယ်။

ကျူးလွန်သူ လင်းလင်းခိုင် (၃၉ နှစ်) ဟာ သေဆုံးသူ ထွန်းလင်းအောင် (ခ) ဖိုးထောင်နဲ့ Facebook မှာ တွေ့ကြပြီး ထွန်းလင်းအောင်က လူပျိုလို့ လိမ်လည်ထားကာ အပြင်မှာတွေ့ဆုံပြီး အတူနေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက် ထွန်းလင်းအောင်က မြဝတီမြို့ကို ခေါ်သွားပြီး အိမ်တစ်အိမ်မှာ ပစ်ထားခဲ့စဉ် အမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံကို ပို့မယ်ပြောလို့ ရန်ကုန်ကို လင်းလင်းခိုင် ပြန်ထွက်ပြေးခဲ့ပါတယ်။

ရန်ကုန်ပြန်ရောက်ပြီးနောက် နာကျည်းတဲ့အတွက် ထီပေါက်တယ်လို့ လိမ်လည်ပြောဆို ခေါ်ယူပြီး တည်းခိုခန်းမှာ ရွှေဆွဲကြိုးအတု ဆွဲပေးပြီးနောက် လှဲအိပ်စဉ် ဓားနဲ့ ကျောနဲ့ ရင်ဘတ်ကို တစ်ချက်စီ ထိုးခဲ့တာ ဖြစ်ပါတယ်။ လင်းလင်းခိုင်ကို ဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ဒေါပုံမြို့နယ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)