နာဂေဒသမွာ ရာသီတုပ္ေကြးေရာဂါ ျဖစ္သူ ၃၉၂ ဦး ထပ္ေတြ႔လို႔ ကုသေပးေန

0
1061

စစ္ကိုင္းတိုင္းေဒသႀကီး၊ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ နန္းယြန္းၿမိဳ႕နယ္မွာ ရာသီတုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၃၉၂ ဦး ထပ္မံေတြ႔ရွိရလို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဗဟိုအဆင့္ ကြင္းဆင္းအဖြဲ႔နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ကြင္းဆင္းအဖြဲ႔ေတြ ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး လုပ္ေဆာင္ေနပါတယ္။

ကြင္းဆင္းအဖြဲ႔ေတြဟာ ရာသီတုပ္ေကြးေရာဂါ ျဖစ္ပြားသူ လူနာ ထပ္မံရွာေဖြခဲ့ရာ လန္သန္းေက်းရြာမွာ လူနာ ၆၄ ဦး၊ ေပၚကြန္ေက်းရြာမွာ ၂၂၈ ဦး၊ ရွန္ဟဲႏုတ္ညိဳ ေက်းရြာမွာ ၁ဝဝ ဦး၊ စုစုေပါင္း ၃၉၂ ဦး ေတြ႕ရွိခဲ့ၿပီး လိုအပ္တဲ့ ကုသမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

လန္သန္းေက်းရြာမွာ ကေလးငယ္ ၄ ဦးနဲ႔ ေပၚကြန္ေက်းရြာမွာ ကေလးငယ္ ၁ ဦးတို႔ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၂၉ ရက္က စတင္ကာ ကြင္းဆင္းအဖြဲ႔ေတြက ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နာဂဒေသမှာ ရာသီတုပ်ကွေးရောဂါ ဖြစ်သူ ၃၉၂ ဦး ထပ်တွေ့လို့ ကုသပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၉၂ ဦး ထပ်မံတွေ့ရှိရလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုအဆင့် ကွင်းဆင်းအဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက ကွင်းဆင်းအဖွဲ့တွေ ရောဂါထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေပါတယ်။

ကွင်းဆင်းအဖွဲ့တွေဟာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ လူနာ ထပ်မံရှာဖွေခဲ့ရာ လန်သန်းကျေးရွာမှာ လူနာ ၆၄ ဦး၊ ပေါ်ကွန်ကျေးရွာမှာ ၂၂၈ ဦး၊ ရှန်ဟဲနုတ်ညို ကျေးရွာမှာ ၁ဝဝ ဦး၊ စုစုပေါင်း ၃၉၂ ဦး တွေ့ရှိခဲ့ပြီး လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လန်သန်းကျေးရွာမှာ ကလေးငယ် ၄ ဦးနဲ့ ပေါ်ကွန်ကျေးရွာမှာ ကလေးငယ် ၁ ဦးတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သြဂုတ် ၂၉ ရက်က စတင်ကာ ကွင်းဆင်းအဖွဲ့တွေက ရောဂါထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)