အွန်လိုင်းမီဒီယာတွေ များပြားလာပေမယ့် အလုပ်အကိုင်ရှားပါးမှု နဲ့ ရင်ဆိုင်နေရ (ရုပ်/သံ)
0
233
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အွန်းလိုင်းမီဒီယာတွေ များပြားလာပေမယ့် အလုပ်အကိုင်ရှားပါးမှု အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Smile Education and Development Foundation က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပြီး စိုင်းဟန်က တင်ဆက်ပေးထားပါတယ်။
နည်းပညာတိုးတက်လာတာနဲ့အမျှ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ နည်းပါးလာပြီး အွန်းလိုင်းရုပ်သံမီဒီယာတွေ ပိုမိုများပြားလာပေမယ့် စီးပွားရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သတင်းမီဒီယာလုပ်ကိုင်သူတွေအတွက် အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Smile Education and Development Foundation က ပြောပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းအတွက် သတင်းမီဒီယာရဲ့အရေးပါပုံကို ဆွေးနွေးခဲ့ကြတာပါ။
အင်တာဗျူး ဦးမျိုးဝင်း ( အမှုဆောင်ဒါရိုက်တာ )
Smile Education & Development Foundation
ဒါပြင် ပုံနှိပ်မီဒီယာတွေ၊ အွန်းလိုင်းရုပ်သံ မီဒီယာလုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို တာဝန်ရှိသူတွေက ပါဝင်ကူညီထောက်ပံ့ပေးမှသာ ရပ်တည်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အင်တာဗျူး ဦးမျိုးဝင်း ( အမှုဆောင်ဒါရိုက်တာ )
Smile Education & Development Foundation
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းတဲ့လူမှု့အဖွဲ့အစည်းဖြစ်ပေါ်လာဖို့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ၊ လတ်တလော မီဒီယာသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အလုပ်အကိုင်အတွက် ပညာရှင်တွေနဲ့ ဖြေရှင်းဖို့နည်းလမ်းတွေကို ရှာဖွေဆွေးနွေးခဲ့တာဖြစ်ပါတယ် ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)