ေရွးေဟာင္း ရွားပါး ဓာတ္စက္ဓာတ္ျပားေတြ ခင္းက်င္းျပသ

0
1446

ျမန္မာႏိုင္ငံ ဓာတ္ျပား သမိုင္းသုေတသနက်မ္းနဲ႔ ၂ဝ၁၅ ခုႏွစ္ အမ်ဳိးသားစာေပဆုရ သုေတသီ ေမာင္ေမာင္က ေရွးေဟာင္းရွားပါး ဓာတ္စက္ ဓာတ္ျပားနဲ႔ ေဟာေျပာ ရွင္းလင္းပြဲကို ”ရသဓာတ္ျပား သုတဓာတ္ျပား ခံစားနားဆင္” ေခါင္းစဥ္နဲ႔ မေန႔က စက္တင္ဘာ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္သံေစ်းရွိ Yangon Book Plaza မွာ က်င္းပပါတယ္။

သီေပါမင္းေရွ႕ေတာ္မွာ သီဆိုတဲ့ မေထြးကေလးရဲ႕ ေဖာ္ကြာေဝး ေတးထပ္ႀကီးဓာတ္ျပား၊ မင္းတုန္းမင္းႀကီးကိုယ္တိုင္ ဘြဲ႔ေပးခဲ့တဲ့ မဒုသတၱ ေရႊေတာင္၊ မဒုသတၱ ေရႊေတာင္ေက်ာ္စြာ ဓာတ္ျပားေတြ၊ အေဝးေရာက္မင္း ဦးေအာင္ႀကီး ဓာတ္ျပားေတြ၊ ေနမ်ဳိးဗလေက်ာ္သူ စိန္ေဗဒါရဲ႕ ဓာတ္ျပားေတြ၊ စိန္ေဗဒါရဲ႕ အစ္ကို ဆရာစိန္႔၊ စိန္ေဗဒါရဲ႕အေဖ ေနမ်ဳိးေက်ာ္စြာေခါင္တို႔ရဲ႕ ဓာတ္ျပားေတြ ျပသထားပါတယ္။

ဓာတ္ျပားဓာတ္စက္ေတြကို သုေတသီ ေမာင္ေမာင္က ၁၉၆၂ ခုႏွစ္ကတည္းက စုေဆာင္းလာခဲ့ၿပီး အခုအခါ ဓာတ္ျပား ၆ဝဝဝ ခန္႔ သိမ္းဆည္းထားပါတယ္။ ျပပြဲရက္ေတာ့ စက္တင္ဘာ ၂ဝ၊ ၂၁၊ ၂၂ ရက္တို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရှေးဟောင်း ရှားပါး ဓာတ်စက်ဓာတ်ပြားတွေ ခင်းကျင်းပြသ

မြန်မာနိုင်ငံ ဓာတ်ပြား သမိုင်းသုတေသနကျမ်းနဲ့ ၂ဝ၁၅ ခုနှစ် အမျိုးသားစာပေဆုရ သုတေသီ မောင်မောင် က ရှေးဟောင်းရှားပါး ဓာတ်စက် ဓာတ်ပြားနဲ့ ဟောပြော ရှင်းလင်းပွဲကို ”ရသဓာတ်ပြား သုတဓာတ်ပြား ခံစားနားဆင်” ခေါင်းစဉ်နဲ့ မနေ့က စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်သံဈေးရှိ Yangon Book Plaza မှာ ကျင်းပပါတယ်။

သီပေါမင်းရှေ့တော်မှာ သီဆိုတဲ့ မထွေးကလေးရဲ့ ဖော်ကွာဝေး တေးထပ်ကြီးဓာတ်ပြား၊ မင်းတုန်းမင်းကြီးကိုယ်တိုင် ဘွဲ့ပေးခဲ့တဲ့ မဒုသတ္တ ရွှေတောင်၊ မဒုသတ္တ ရွှေတောင်ကျော်စွာ ဓာတ်ပြားတွေ၊ အဝေးရောက်မင်း ဦးအောင်ကြီး ဓာတ်ပြားတွေ၊ နေမျိုးဗလကျော်သူ စိန်ဗေဒါရဲ့ ဓာတ်ပြားတွေ၊ စိန်ဗေဒါရဲ့ အစ်ကို ဆရာစိန့်၊ စိန်ဗေဒါရဲ့အဖေ နေမျိုးကျော်စွာခေါင်တို့ရဲ့ ဓာတ်ပြားတွေ ပြသထားပါတယ်။

ဓာတ်ပြားဓာတ်စက်တွေကို သုတေသီ မောင်မောင်က ၁၉၆၂ ခုနှစ်ကတည်းက စုဆောင်းလာခဲ့ပြီး အခုအခါ ဓာတ်ပြား ၆ဝဝဝ ခန့် သိမ်းဆည်းထားပါတယ်။ ပြပွဲရက်တော့ စက်တင်ဘာ ၂ဝ၊ ၂၁၊ ၂၂ ရက်တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)