
0
1111




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘားအံ ထောင်ဖောက်ပြေးသူ ၄၂ ဦးအနက် ၂၄ ဦး ပြန်မိထား

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တံခါးကို ကားနဲ့ တိုက်ဖွင့်ပြီး ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၂ ဦးအနက် ၂၄ ဦးကို ပြန်လည် ဖမ်းမိထားပြီး ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်မှ ၂ဝ ရက်အထိ ၂၄ ဦး ဖမ်းမိတာဖြစ်ပြီး လွတ်မြောက်နေတဲ့ အကျဉ်းသား ၁၈ ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးဖမ်းမိသူတွေကတော့ လက်နက်မှုနဲ့ ထောင်ကျနေတဲ့ အောင်အောင် (ခ) ဖာစွပ်၊ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့ မင်းဇော် (ခ) သံချောင်းတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)