အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈ မျဖစ္ေစဖို႔ ႏွစ္ဦးနွစ္ဖက္ နားလည္ေပးဖို႔ လို (႐ုပ္/သံ)

0
203

အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈေတြမျဖစ္ပြားေစဖုိ႔ ႏွစ္ဦးႏွစ္ဖက္အျပန္အလွန္နားလည္ေပးဖို႔ လုိအပ္ေနတယ္လို႔ အလုပ္သမားေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာၾကားလုိက္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏာၱမုိးက ေပးပို႔ထားပါတယ္။

စက္မႈဇုန္ေတြမွာ အလုပ္ရွင္၊အလုပ္သမား အျငင္းပြားမႈျပသာနာေတြျဖစ္ေပၚေနတာဟာ နုိင္ငံတြင္း ၀င္ေရာက္မယ့္ ရင္းႏွီးျမဳပ္ႏွံမႈ ေတြကိုထိခုိက္လာဖြယ္ရွိတဲ့အေျခအေနေတြမွာရွိေနတာပါ။အဲဒါေၾကာင့္ ဒီလိုအေျခအေနေတြမျဖစ္ေပၚေစဖို႔ အလုပ္ရွင္၊အလုပ္သမားအျငင္းပြားမႈေျဖရွင္းေရးဥပေဒကုိ ျပန္လည္ျပင္ဆင္ေပးေနတာျဖစ္ပါတယ္ ။

Soundbite ဦးေဇာ္ေအးေမာင္ (အလုပ္သမား၀န္ႀကီး)
ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕

လက္ရွိမွာ အလုပ္ရွင္ေတြနဲ႔ အလုပ္သမားေတြက ဥပေဒေတြကုိ ႏွစ္ဦး ႏွစ္ဖက္လိုက္နာ ေဆာင္ရြက္မႈမရွိတဲ့ အတြက္ သက္ဆုိင္ရာ အစိုးရအဖြဲ႕အစည္းအေနနဲ႔ေျဖရွင္းရခက္ခဲတဲ့အေျခအေနေတြနဲ႔ရင္ဆုိင္ေနရတယ္လုိ႔ အလုပ္သမား၀န္ႀကီး ဦးေဇာ္ေအးေမာင္ကေျပာပါတယ္ ။

Soundbite ဦးေဇာ္ေအးေမာင္ (အလုပ္သမား၀န္ႀကီး)
ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕

အလုပ္သမားဆႏၵျပမႈေတြထပ္မံမျဖစ္ပြားေစဖို႔တုိင္းေဒသႀကီးႏွင္႔ျပည္နယ္ေတြကအလုပ္သမားအဖြဲ႔အစည္းေတြကုိၿပီးခဲ့တဲ့ရက္ပုိင္းကအလုပ္သမားလူ၀င္မႈႀကီးၾကပ္ေရးႏွင္႔ျပည္သူ႕အင္အား၀န္ႀကီးဌာနနဲ႔ေတြ႔ဆုံပြဲမွာ သတိေပး ေျပာၾကားခဲ့ၿပီး လက္ရွိမွာလည္း အလုပ္ရွင္၊အလုပ္သမားအျငင္းပြားမႈေျဖရွင္းေရးဥပေဒကို ဒုတိယ အႀကိမ္ျပန္လည္ျပင္ဆင္ေရးဆြဲေန တာလည္းျဖစ္ပါတယ္ ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေမဖြစ်ပွားစေဖို့ နှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်ပေးဖို့ လိုအပ်နေတယ်လို့ အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

စက်မှုဇုန်တွေမှာ အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုပြသာနာတွေဖြစ်ပေါ်နေတာဟာ နိုင်ငံတွင်း ဝင်ရောက်မယ့် ရင်းနှီးမြုပ်နှံမှု တွေကိုထိခိုက်လာဖွယ်ရှိတဲ့အခြေအနေတွေမှာရှိနေတာပါ။အဲဒါကြောင့် ဒီလိုအခြေအနေတွေမဖြစ်ပေါ်စေဖို့ အလုပ်ရှင်၊အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြန်လည်ပြင်ဆင်ပေးနေတာဖြစ်ပါတယ် ။

Soundbite ဦးဇော်အေးမောင် (အလုပ်သမားဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

လက်ရှိမှာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေက ဥပဒေတွေကို နှစ်ဦး နှစ်ဖက်လိုက်နာ ဆောင်ရွက်မှုမရှိတဲ့ အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းအနေနဲ့ဖြေရှင်းရခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်ကပြောပါတယ် ။

Soundbite ဦးဇော်အေးမောင် (အလုပ်သမားဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အလုပ်သမားဆန္ဒပြမှုတွေထပ်မံမဖြစ်ပွားစေဖို့တိုင်းဒေသကြီးနှင့်ပြည်နယ်တွေကအလုပ်သမားအဖွဲ့အစည်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကအလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့တွေ့ဆုံပွဲမှာ သတိပေး ပြောကြားခဲ့ပြီး လက်ရှိမှာလည်း အလုပ်ရှင်၊အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယ အကြိမ်ပြန်လည်ပြင်ဆင်ရေးဆွဲနေ တာလည်းဖြစ်ပါတယ် ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)