ေမာင္ေတာၿမိဳ႕နယ္မွာ ၿမိဳလူမ်ိဳး တစ္ဦး အသတ္ခံရ

0
201

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ သစ္တုံးနားခြဆုံ ေက်းရြာအုပ္စု ခြဆုံ ရြာသစ္မွာ ေနထိုင္တဲ့ ၿမိဳတိုင္းရင္းသားတစ္ဦး အသတ္ခံခဲ့ရပါတယ္။


ခြဆုံရြာသစ္ ေက်းရြာေန ဦးဒူလူ (၄၀ ႏွစ္)ဟာ တစ္ရြာတည္းေန ဦးကာလင္ဝိုင္ရဲ႕ ႏြား ၈ ေကာင္ကို အငွား ထိန္းေက်ာင္းရာ စက္တင္ဘာ ၁၉ ရက္ေန႔ညက ဦးဒူလူနဲ႔ ႏြားေတြ ျပန္မလာလို႔ ရြာသားေတြ စုေပါင္း ရွာေဖြခဲ့ပါတယ္။

ႏြား ၆ ေကာင္ပဲ ျပန္ရွာေတြ႔တဲ့အတြက္ သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ပါတယ္။ စက္တင္ဘာ ၂၀ ရက္ေန႔မွာ ဆက္လက္ရွာေဖြရာ အစံေက်ာ္တံတား ကားလမ္းရဲ႕ အေရွ႕ဘက္ တစ္မိုင္ခန္႔အကြာ ေတာင္ၾကားမွာ ဦးဒူလူကို ဓားဒဏ္ရာေတြနဲ႔ ေသဆံုးေနတာ ေတြ႔ရွိခဲ့လို႔ အမႈဖြင့္ စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့နယ်မှာ မြိုလူမျိုး တစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံ ကျေးရွာအုပ်စု ခွဆုံရွာသစ်မှာ နေထိုင်တဲ့ မြိုတိုင်းရင်းသားတစ်ဦး အသတ်ခံခဲ့ရပါတယ်။

ခွဆုံရွာသစ် ကျေးရွာနေ ဦးဒူလူ (၄၀ နှစ်)ဟာ တစ်ရွာတည်းနေ ဦးကာလင်ဝိုင်ရဲ့ နွား ၈ ကောင်ကို အငှား ထိန်းကျောင်းရာ စက်တင်ဘာ ၁၉ ရက်နေ့ညက ဦးဒူလူနဲ့ နွားတွေ ပြန်မလာလို့ ရွာသားတွေ စုပေါင်း ရှာဖွေခဲ့ပါတယ်။

နွား ၆ ကောင်ပဲ ပြန်ရှာတွေ့တဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာ ဆက်လက်ရှာဖွေရာ အစံကျော်တံတား ကားလမ်းရဲ့ အရှေ့ဘက် တစ်မိုင်ခန့်အကွာ တောင်ကြားမှာ ဦးဒူလူကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့လို့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)