ကုလ အစီရင္ခံစာ ႏိုင္ငံၿပိဳကြဲေရးကို အားေပးတဲ့သေဘာ သက္ေရာက္တယ္လို႔ ျမန္မာတံု႔ျပန္

0
691

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ဖြဲ႔စည္းေပးထားတဲ့ လြတ္လပ္ေသာ ႏိုင္ငံတကာ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ (FFM)ရဲ႕ အစီရင္ခံစာဟာ ေပါင္းစည္းညီညြတ္ေရးကို အားေပးရမယ့္အစား တိုင္းရင္းသားေတြအၾကား သေဘာထားကြဲလြဲၿပီး ႏိုင္ငံၿပိဳကြဲေရးကို အားေပးတဲ့သေဘာ သက္ေရာက္တယ္လို႔ ျမန္မာဘက္က တံု႔ျပန္လိုက္ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕ရွိ လူ႔အခြင့္ေရးေကာင္စီမွာ စက္တင္ဘာ ၁၈ ရက္ေန႔က FFM ရဲ႕ အစီရင္ခံစာအေပၚ အျပန္အလွန္ ေဆြးေႏြးပြဲမွာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာခဲ့တာ ျဖစ္ပါတယ္။

အစီရင္ခံစာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇားရွိ ဒုကၡသည္စခန္းက ေရြးခ်ယ္ထားတဲ့ လူတစ္စုကို ေမးျမန္းခ်က္နဲ႔ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြရဲ႕ အခ်က္အလက္ေတြကို အေျခခံထားတဲ့အတြက္ အားနည္းခ်က္မ်ားစြာ ရွိတယ္လို႔လည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုလ အစီရင်ခံစာ နိုင်ငံပြိုကွဲရေးကို အားပေးတဲ့သဘော သက်ရောက်တယ်လို့ မြန်မာတုံ့ပြန်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM)ရဲ့ အစီရင်ခံစာဟာ ပေါင်းစည်းညီညွတ်ရေးကို အားပေးရမယ့်အစား တိုင်းရင်းသားတွေအကြား သဘောထားကွဲလွဲပြီး နိုင်ငံပြိုကွဲရေးကို အားပေးတဲ့သဘော သက်ရောက်တယ်လို့ မြန်မာဘက်က တုံ့ပြန်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ လူ့အခွင့်ရေးကောင်စီမှာ စက်တင်ဘာ ၁၈ ရက်နေ့က FFM ရဲ့ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းက ရွေးချယ်ထားတဲ့ လူတစ်စုကို မေးမြန်းချက်နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို အခြေခံထားတဲ့အတွက် အားနည်းချက်များစွာ ရှိတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)