အာဂ်ီႏိုမိုတို အခ်ိဳမႈန္႔ စက္႐ုံ သီလဝါ ဇုန္မွာ ဖြင့္

0
337

အေမရိကန္ေဒၚလာ ၁၀ သန္းခန္႔ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ အာဂ်ီႏိုမိုတိုအခ်ိဳမႈန္႔ ျပန္လည္ထုပ္ပိုး စက္႐ုံသစ္ကို စက္တင္ဘာ ၁၉ ရက္က ရန္ကုန္တိုင္းေဒသႀကီးရွိ သီလဝါ အထူးစီးပြားေရး ဇုန္မွာ ဖြင့္လွစ္လိုက္ပါတယ္။

အဲဒီစက္႐ုံကေန ထိုင္းႏိုင္ငံက တင္သြင္းလာတဲ့ ဟင္းခတ္မႈန္႔ေတြကို အာဂ်ီႏိုမိုတို အမွတ္တံဆိပ္ပါ အိတ္ခြံေတြနဲ႔ ျပန္လည္ထုပ္ပိုးၿပီး ေဈးကြက္အတြင္း ျဖန္႔ခ်ိေရာင္းခ်မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ လုံေလာက္တဲ့ကုန္ၾကမ္း မရႏိုင္ေသးတာနဲ႔ လၽွပ္စစ္ လုံေလာက္မႈမရွိေသးတဲ့ အတြက္ ထိုင္းႏိုင္ငံက တင္ပို႔လိုက္တဲ့ အခ်ိဳမႈန္႔ေတြကို သီလဝါမွာ ပါကင္ထုပ္ၿပီးျပည္တြင္းေဈးကြက္မွာ ျဖန္႔ခ်ိမွာျဖစ္ပါတယ္။

သီလဝါ အထူးစီးပြားေရး ဇုန္မွာ ဂ်ပန္ကုမၸဏီမ်ားက ေမာ္ေတာ္ ယာဥ္ အစိတ္အပိုင္းမ်ား၊ ေရဒီေယတာ မ်ား၊ ကူဘိုတာမ်ား၊ လယ္ယာ သုံးစက္ ပစၥည္းမ်ား၊ စားေသာက္ကုန္မ်ား စတင္ထုတ္လုပ္ေနျပီ ျဖစ္ပါတယ္။
(USA)
………………………။ ။ …………………….

အာဂျီနိုမိုတိုအချိုမှုန့် စက်ရုံ သီလဝါ ဇုန်မှာ ဖွင့်
အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြှုပ်နှံထားတဲ့ အာဂျီနိုမိုတိုအချိုမှုန့် ပြန်လည်ထုပ်ပိုး စက်ရုံသစ်ကို စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေး ဇုန်မှာ ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီစက်ရုံကနေ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ဟင်းခတ်မှုန့်တွေကို အာဂျီနိုမိုတို အမှတ်တံဆိပ်ပါ အိတ်ခွံတွေနဲ့ ပြန်လည်ထုပ်ပိုးပြီး ဈေးကွက်အတွင်း ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လုံလောက်တဲ့ကုန်ကြမ်း မရနိုင်သေးတာနဲ့ လျှပ်စစ် လုံလောက်မှုမရှိသေးတဲ့ အတွက် ထိုင်းနိုင်ငံက တင်ပို့လိုက်တဲ့ အချိုမှုန့်တွေကို သီလဝါမှာ ပါကင်ထုပ်ပြီးပြည်တွင်းဈေးကွက်မှာ ဖြန့်ချိမှာဖြစ်ပါတယ်။

သီလဝါ အထူးစီးပွားရေး ဇုန်မှာ ဂျပန်ကုမ္ပဏီများက မော်တော် ယာဉ် အစိတ်အပိုင်းများ၊ ရေဒီယေတာ များ၊ ကူဘိုတာများ၊ လယ်ယာ သုံးစက် ပစ္စည်းများ၊ စားသောက်ကုန်များ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)