စစ္ေတြမွာ ICRC ေထာက္ပ့ံေရး ပစၥည္းတင္စက္ေလွ လူစုလူေ၀းနဲ႔ ဟန္႔တားခံရ

0
302

ရခိုင္ျပည္နယ္၊ စစ္ေတြမွာ စက္တင္ဘာ ၂၀ ရက္က အျပည္ျပည္ဆုိင္ရာ ၾကက္ေျခနီေကာ္မတီ ICRC အဖဲြ႕ ရဲ႕ ေထာက္ပ့ံေရး ပစၥည္းမ်ားတင္ေဆာင္စဥ္ လူစုလူေ၀းနဲ႔ ဟန္႔တားခံရတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

ေမာင္ေတာကိုပို႔မယ့္ ကယ္ဆယ္ေရး ပစၥည္းေတြ စက္ေလွေပၚတင္ေနတုန္း လူ ၂ ဦး(စိစစ္ဆဲ) ေရာက္ရွိလာၿပီး ၾကည့္ရႈၾကတယ္၊ အလုပ္သမားေတြက ICRC ပစၥည္းေတြလို႔ ေျဖၾကားခဲ့တယ္။ ညေန ၅ နာရီမွာ လူ၅၀ဦးခန္႔ ေရာက္ရွိလာၿပီး လူစုလူေ၀းနဲ႔ ပစၥည္းေတြ ျပန္ခ်ျပီး ေလွမထြက္ဖို႔ ဟန္႔တား
ခဲ့တယ္။

ခရုိင္ရဲတပ္ဖဲြ႕မွဴးနဲ႔ ရဲတပ္ဖဲြ႕၀င္မ်ား၊ စည္းကမ္းထိန္းသိမ္းေရး သံဃာေတာ္မ်ားေရာက္ရွိလာၿပီး စက္ေလွထြက္ခြာႏိုင္ရန္ ညွိႏိႈင္းခဲ့ေပမယ့္ စက္ေလွ မေမာင္းရဲဘဲ ရဲတပ္ဖဲြ႕၀င္မ်ားက လုံၿခံဳေရးေဆာင္ရြက္ေပးေနတုန္း ည ၈ နာရီအခ်ိန္မွာ လာေရာက္ၾကည့္ရႈသူ အင္အား ၃၀၀ ခန္႔ စုစည္းမိၿပီး ခဲမ်ား၊ မီးရႈိ့ထားတဲ့ ဓာတ္ဆီပုလင္းမ်ားနဲ႔ လူအုပ္ထဲက ပစ္ေပါက္တယ္။

ရဲတပ္ဖြဲ႕ဝင္ အင္အား ၂၀၀ ခန္႔နဲ႔ အဲ့ဒီ လူအုပ္ကို ဒိုင္းေတြနဲ႔ တြန္းထုတ္၊ သံဃာေတာ္မ်ားက လူအုပ္စုကို ဖ်န္ေျဖျပီး မီးသတ္ယာဥ္ေတြနဲ႔ ရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ခဲ့ရတယ္။ လူအုပ္စုက ဂ်င္ကလိနဲ႔ ပစ္လို႔ ရဲတပ္ဖြဲ႕ဝင္မ်ားက (၁၂)ဗို႔ ဂရီနာ ၂၀ လက္နဲ႔ ပစ္ေဖာက္ ရွင္းလင္းခဲ့ရျပီး စစ္ေတြၿမိဳ႕ရွိ ေဒသစစ္ဆင္ေရးကြပ္ကဲေရးမွဴးနဲ႔ တပ္မေတာ္သားမ်ား အရန္အျဖစ္ ထပ္မံ ေရာက္ရွိ အင္အားျဖည့္တင္းၿပီး လူစုခြဲခဲ့ရာ ည ၁၁ နာရီမွာ လူစုကြဲသြားတယ္။

ျဖစ္စဥ္မွာ ရဲတပ္ဖြဲ႕ဝင္အခ်ဳိ႕ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး လူအုပ္မွာ ပါဝင္သူ ၈ ဦး ကို ထိန္းသိမ္းထားၿပီး စစ္ေဆးေမးျမန္းေနတယ္။
လက္ရွိအခ်ိန္မွာ လုံျခဳံေရး အင္အား လုံေလာက္စြာ ခ်ထားၿပီး ျပည္နယ္အစိုးရက ဥပေဒနဲ႔ အညီ တည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ရြက္ေနတယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပထားပါတယ္။
(USA)
……………………။ ။ ………………………

စစ်တွေမှာ ICRC ထောက်ပံ့ရေး ပစ္စည်းတင်စက်လှေ လူစုလူဝေးနဲ့ ဟန့်တားခံရ

ရခိုင်ပြည်နယ်၊စစ်တွေမှာ စက်တင်ဘာ ၂၀ရက်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC အဖွဲ့ ရဲ့ ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်စဉ် လူစုလူဝေးနဲ့ ဟန့်တားခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
မောင်တောကိုပို့မယ့် ကယ်ဆယ်ရေး ပစ္စည်းတွေ စက်လှေပေါ်တင်နေတုန်း လူ ၂ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ကြည့်ရှုကြတယ်၊ အလုပ်သမားတွေက ICRC ပစ္စည်းတွေလို့ ဖြေကြားခဲ့တယ်။
တခါ ညနေ ၅နာရီမှာ လူ၅၀ဦးခန့် ရောက်ရှိလာပြီး လူစုလူဝေးနဲ့ ပစ္စည်းတွေ ပြန်ချပြီး လှေမထွက်ဖို့ ဟန့်တား ခဲ့တယ်။
ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များရောက်ရှိလာပြီး စက်လှေထွက်ခွာနိုင်ရန် ညှိနှိုင်းခဲ့သော်လည်း စက်လှေ မမောင်းရဲဘဲ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးနေတုန်း ည ၈ နာရီအချိန်မှာ လာရောက်ကြည့်ရှုသူ အင်အား ၃၀ဝ ခန့် စုစည်းမိပြီး ခဲများ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းများနဲ့ လူအုပ်ထဲက ပစ်ပေါက်တယ်။
ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ဝ ခန့်နဲ့ အဲ့ဒီ လူအုပ်ကို ဒိုင်းတွေနဲ့ တွန်းထုတ်၊ သံဃာတော်များက လူအုပ်စုကို ဖျန်ဖြေပြီး မီးသတ်ယာဉ်တွေနဲ့ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရတယ်။
လူအုပ်စုက ဂျင်ကလိနဲ့ ပစ်လို့ ရဲတပ်ဖွဲ့ဝင်များက (၁၂)ဗို့ ဂရီနာ ၂၀ လက်နဲ့ ပစ်ဖောက် ရှင်းလင်းခဲ့ရပြီး စစ်တွေမြို့ရှိ ဒေသစစ်ဆင်ရေးကွပ်ကဲရေးမှူးနဲ့ တပ်မတော်သားများ အရန်အဖြစ် ထပ်မံ ရောက်ရှိ အင်အားဖြည့်တင်းပြီး လူစုခွဲခဲ့ရာ ည ၁၁ နာရီမှာ လူစုကွဲသွားတယ်။
ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူအုပ်မှာ ပါဝင်သူ ၈ ဦး ကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်။
လက်ရှိအချိန်မှာ လုံခြုံရေး အင်အား လုံလောက်စွာ ချထားပြီး ပြည်နယ်အစိုးရက ဥပဒေနဲ့ အညီ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)