ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြည်သူတွေ မျှော်လင့်သလောက် မဖြစ်လာသေးလို့ သူရဦးရွှေမန်းပြောပြီ

0
287


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းကြီးအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက အသိအမှတ်ပြု အားပေးကူညီ ဆောင်ရွက်ခဲ့ကြပေမယ့် လည်း အတိုင်းအတာတခုအထိသာ အောင်မြင်မှုရရှိခဲ့ပြီး ပြည်သူတွေ မျှော်လင့်ထား သလောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်မှုမရရှိသေးဘူးလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ နေပြည်တော်၊ လွှတ်တော်ပရ၀ုဏ်မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးတက်မှုအစီအစဉ် UNDP ၊ အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ IPU တို့ ပူးပေါင်းစီစဉ်တဲ့ လွှတ်တော်ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုလွှတ်တော်နာယက ထည့်သွင်းပြောကြားလိုက်တာပါ။
ဒါအပြင် ပြည်သူတွေ မျှော်လင့်ထားတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်မှုရရှိဖို့ဆိုရင် ပြည်သူ တရပ်လုံးအနေနဲ့ စိတ်ထားနဲ့ ခံယူချက်တွေ ပြောင်းလဲဖို့လိုတယ်လို့လည်း တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးတက်မှုအစီအစဉ် UNDP ၊ အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ IPU တို့ ပူးပေါင်းစီစဉ်တဲ့ လွှတ်တော်ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ အောက်တိုဘာလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်းမှာတော့ လွှတ်တော်ကော်မရှင်၊ ကော်မတီတွေရဲ့ ကြားနာမှုဆောင်ရွက်မှုပုံစံတွေအပါအ၀င် အခြား ကမ္ဘာလွှတ်တော်အသီးသီးက လွှတ်တော်ကော်မရှင်၊ ကော်မတီတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေက လွှတ်တော်ဝန်ထမ်းတွေနဲ့ အပြန်အလှန်ဆွေးနွေးသွားကြဖို့ ရှိနေတာဖြစ်ပါတယ်။။။။။။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)