နိုင်ငံ ၁၂ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၉ ဦးကို လေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်

0
144

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားလို့ နိုင်ငံ ၁၂ နိုင်ငံမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား ၄၃ ဦးနဲ့ အီဂျစ်၊ ဂရိ၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဂျပန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ အမေရိကန် ပြည်ထောင်စုတို့မှ မြန်မာနိုင်ငံသား ၆၆ ဦး၊ စုစုပေါင်း ၁၀၉ ဦး တို့ကို အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၁ ရက်ညမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြန်ရောက်လာသူတွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

နိုငငွံခှားရေးဝနကွှီးဌာနက သကဆွိုငရွာ ဝနကွှီးဌာနမှား၊ သကဆွိုငရွာ နိုငငွံမှားရှိ မှနမွာသံရုံးမှားနဲ့ ပူးပေါငွးညှိ နှိုငွးဆောငရွှကပွေးခဲ့ရာ ဒီနေ့အခှိနထွိ ကိုရီးယား သမမြတနိုငငွံ၊ အငခွှှနွးအပှညပွှညဆွိုငရွာ လဆေိပမွှတဈဆင့ွ မှနမွာ နိုငငွံသား စုစုပေါငွး ၁၈၇၃ ဦးကို မှနမွာနိုငငွံသို့ ပှနလွညွ ခေါဆွောငပွေးခဲ့ပှီး ဖှဈပါတယွ။

___________________

___________________

နိုငငြံ ၁၂ နိုငငြံမှ မှနမြာနိုငငြံသား ၁၀၉ ဦးကို လယောဉနြဲ့ ပှနလြညြ ခေါဆြောငြ

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားလို့ နိုင်ငံ ၁၂ နိုင်ငံမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား ၄၃ ဦးနဲ့ အီဂျစ်၊ ဂရိ၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဂျပန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ အမေရိကန် ပြည်ထောင်စုတို့မှ မြန်မာနိုင်ငံသား ၆၆ ဦး၊ စုစုပေါင်း ၁၀၉ ဦး တို့ကို အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI ကယ်ဆယ်ရေး လေယာဉ်နဲ့  ပြန်လည် ခေါ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၁ ရက်ညမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။  

ပြန်ရောက်လာသူတွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနဲ့ ပူးပေါင်းညှိ နှိုင်းဆောင်ရွက်ပေးခဲ့ရာ ဒီနေ့အချိန်ထိ ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာ နိုင်ငံသား စုစုပေါင်း ၁၈၇၃ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)