ကမာၻတစ္လႊား သတင္းလြတ္လပ္ခြင့္ ပိုေပးဖို႔ ပုပ္ရဟန္းမင္းႀကီး ေမတၱာရပ္ခံ

0
545

ျမန္မာႏိုင္ငံမွာ အဖမ္းခံထားရတဲ့ Reuters သတင္းေထာက္ ၂ ဦးကို ရည္ညႊန္းၿပီး ကမာၻတစ္လႊားမွာ သတင္းလြတ္လပ္ခြင့္ ပိုေပးၾကဖို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေမတၱာရပ္ခံလိုက္ပါတယ္။

သတင္းအခ်က္အလက္ ရယူခြင့္ဟာ အၿမဲတမ္း အကာအကြယ္ေပးရမယ့္ အခြင့္အေရးျဖစ္တယ္တယ္လို႔ ပုပ္ရဟန္းမင္းႀကီးက Reuters နဲ႔ သီးသန္႔ အင္တာဗ်ဴးမွာ ေျပာထားတာ ျဖစ္ပါတယ္။ ႏိုင္ငံေတြက သူတို႔ အျမင္ေစခ်င္တာရွိရင္ မီဒီယာေတြနဲ႔ သတင္းလြတ္လပ္ခြင့္ကို ပိတ္ပင္ၾကတယ္၊ သတင္းလြတ္လပ္ခြင့္အတြက္ တိုက္ပြဲဝင္ရမယ္၊ တိုက္ပြဲဝင္မွ ျဖစ္မယ္လို႔လည္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေျပာပါတယ္။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ မႏွစ္က ႏိုဝင္ဘာလမွာ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ကို လာေရာက္ခဲ့ပါတယ္။ မႏွစ္က ဒီဇင္ဘာလမွာ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ အဖမ္းခံထားရၿပီး လာမယ့္ ဇူလိုင္လ ၂ ရက္ေန႔မွာ အမႈကို ႏွစ္ဖက္ေရွ႕ေနေတြ ေလွ်ာက္လဲၾကမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာတစ်လွှား သတင်းလွတ်လပ်ခွင့် ပိုပေးဖို့ ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

မြန်မာနိုင်ငံမှာ အဖမ်းခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးကို ရည်ညွှန်းပြီး ကမ္ဘာတစ်လွှားမှာ သတင်းလွတ်လပ်ခွင့် ပိုပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်းအချက်အလက် ရယူခွင့်ဟာ အမြဲတမ်း အကာအကွယ်ပေးရမယ့် အခွင့်အရေးဖြစ်တယ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက Reuters နဲ့ သီးသန့် အင်တာဗျူးမှာ ပြောထားတာ ဖြစ်ပါတယ်။ နိုင်ငံတွေက သူတို့ အမြင်စေချင်တာရှိရင် မီဒီယာတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ကြတယ်၊ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရမယ်၊ တိုက်ပွဲဝင်မှ ဖြစ်မယ်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မနှစ်က နိုဝင်ဘာလမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာရောက်ခဲ့ပါတယ်။ မနှစ်က ဒီဇင်ဘာလမှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အဖမ်းခံထားရပြီး လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ အမှုကို နှစ်ဖက်ရှေ့နေတွေ လျှောက်လဲကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)