ထိုင်းနယ်စပ်ကို တရားမဝင် ဝင်လာတဲ့ ဘင်္ဂါလီတွေကို ထိုင်းရဲက ဖမ်းဆီး

0
562

ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ မွတ်စလင် ၁၀ ဦးကို မေလ ၁၉ ရက်ညမှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲက ပြောါတယ်။

အမျိုးသား နှစ်ဦး၊ အမျိုးသမီး ရှစ်ဦးတို့အပြင် သုံးနှစ်အရွယ် ယောကျ်ားလေးတစ်ဦးနဲ့ ကိုးနှစ်အရွယ် မိန်းကလေး တစ်ဦးတို့လည်း ပါဝင်ပါတယ်။ သူတို့ကို ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးက ငှားထားတဲ့ အခန်းထဲမှာ ထိုင်းရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို မေးမြန်းတဲ့အခါမှာ ရခိုင်ပြည်နယ်၊ စစ်တွေက လာတာဖြစ်ကြောင်း၊ မလေးရှားကို သွားဖို့ဖြစ်ကြောင်း ဖြေကြပါတယ်။ သူတို့ကို ပွဲစားက ထိုင်းဘတ်ငွေ ၁၄၀၀၀၀ နဲ့ သူတို့ကို နယ်စပ်ဖြတ်ပြီး မဲဆောက်ကို ခေါ်လာတာ ဖြစ်ကြောင်း၊ ပေးရမယ့် ငွေရဲ့ တစ်ဝက်ကို မြန်မာကျပ်ငွေနဲ့ ပွဲစားကို အရင်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ထွက်ဆိုကြပါတယ်။

မဲဆောက်မှာ သူတို့ကို ထိုင်းနိုင်ငံသား အမျိုးသားနှစ်ဦးဖြစ်တဲ့ ရို (၄၇ နှစ်) နဲ့ မွန်ကိုး (၃၈ နှစ်) တို့က နေစရာ ပေးထားတာပါ။ ထိုင်းနှစ်ဦးကိုလည်း တရားမဝင် ဝင်ရောက်လာသူတွေကို ခိုလှုံခွင့်ပေးမှုနဲ့ ဖမ်းဆီးထားပါတယ်။

အခု ဖမ်းမိတဲ့ ဘင်္ဂါလီ လူကြီး ၁၀ ဦးနဲ့ ကလေး ၂ ဦးတို့ကို ဥပဒေအတိုင်း ဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံ ပြန်ပို့မှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)