ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမယ်

0
174

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး COVID-19 ရောဂါပိုး ရှိ၊ မရှိစစ်ဆေးရမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

မေလ ၂၉ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့အတွက် သတင်းပို့ရမှာဖြစ်ပြီး နေထိုင်ရမယ့် ဟိုတယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆီကနေ တို့ဖတ်နမူနာရယူကာ COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံသွားမှာ ဖြစ်ပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြန်စတင်နိုင်ဖွယ်ရှိပြီး လွှတ်တော်ကျင်းပနေစဉ် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး နေအိမ်ကို ပြန်ခွင့်ရရှိမှာ မဟုတ်ဘဲ လွှတ်တော် အစည်းအဝေး ပြီးဆုံးတဲ့အထိ သတ်မှတ် ဟိုတယ်တွေမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။

________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)