COVID-19 အကျိုးဆက်တွေ လျှော့ချဖို့ ဗြိတိန်က မြန်မာကို ဒေါ်လာ ၃၆ သန်း ကူညီ

0
238

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုရဲ့ အကျိုးဆက်ကို လျှော့ချကန့်သတ်နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၃၆ သန်းကို ဗြိတိန်နိုင်ငံက ကူညီပံ့ပိုးလိုက်တယ်လို့ မေလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအတွက် ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင်တွေအတွက် လျာထားစီမံထားတဲ့ ပံ့ပိုးမှုတွေထဲက ရန်ပုံငွေ ဒေါ်လာ ၃၆ သန်းကို ခွဲဝေ ပံ့ပိုးလိုက်တာ ဖြစ်ပါတယ်။

အခု ပံ့ပိုးကူညီတဲ့ ရန်ပုံငွေဟာ ဗြိတိန်က မြန်မာနိုင်ငံအပေါ် ချက်ချင်းတုံ့ပြန်ပံ့ပိုးကူညီမှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊ မြန်မာအစိုးရ၊ ကုလသမဂ္ဂ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တခြား တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ အတူလက်တွဲကာ UK aid က သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက ပြည်သူတွေ အပါအဝင် COVID-19 ကြောင့် ထိခိုက်နစ်နာမှု အများဆုံး ခံစားရသူတွေကို ဦးစားပေး ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ ပိုမိုအားကောင်လာဖို့ ကူညီရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ ဗြိတိန်က ကြိုးပမ်းနေကြောင်း အရှေ့တောင် အာရှဆိုင်ရာ သံအမတ်ကြီး မစ္စတာ နီဂယ်လ် အဒမ်စ်က ပြောပါတယ်။

______________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)