မလေးရှားမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး အမိန့်ချိုးဖောက်ပြီး သင်္ကြန်ပွဲ လုပ်တဲ့ မြန်မာ ၄၁ ယောက်ကို ရင်းဂစ် ၁၀၀၀ စီ ပြစ်ဒဏ်ချမှတ်

0
1066

မလေးရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုအန္တရာယ်ရှိနေချိန် သင်္ကြန်ပွဲ လုပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား (၄၁) ယောက်ကို မလေးရှားတရားရုံးက ဒဏ်ငွေအဖြစ် ရင်းဂစ် ၁၀၀၀ (မြန်မာကျပ် ၃ သိန်းခွဲနီးပါး) စီ ချမှလိုက်ပါတယ်။

COVID-19 ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် အစိုးရက ပြဌာန်း ထားတဲ့ Movement Control Order (MCO) “လှုပ်ရှားမှုထိန်းချုပ်ရေး အမိန့်” ပါ ပြဌာန်းချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ အချက်နဲ့ ဧပြီလ (၂၀) ရက်နေ့မှာ မလေးရှား တရားသူကြီး A.Akhiruddin @ Boy Acho က သူတို့အားလုံးကို ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

မြန်မာနိုင်ငံသား ရွှေပြောင်းအလုပ်သမားတွေဘက်က လိုက်ပါဆောင် ရွက်ပေးတဲ့ ရှေ့နေက သူတို့အားလုံးဟာ တရားဝင်လာရောက် အလုပ် လုပ်ကိုင်သူတွေဖြစ်ပြီး ဆင်းရဲတဲ့ မိသားစုတွေက ဆင်းသက်လာသူတွေ ဖြစ်တာကြောင့် ပြစ်ဒဏ်ကို ငွေဒဏ်ဖြစ်လျှော့ပေါ့ပေးဖို့ အယူခံဝင်ပေး ခဲ့တာပါ။

မလေးရှားအစိုးရရှေ့နေတွေကတော့ COVID-19 ကူးစက်မှုထိန်းချုပ် ေရး Movement Control Order (MCO) “လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့်” ပါ ပြစ်မှုတွေကို ကျူးလွန်မှု ရောဂါထိန်းချုပ်ရေး လုပ်ငန်တွေကို ထိခိုက်တဲ့ အပြင် ဒီပြစ်မှုတွေကို တခြားကျူးလွန်သူတွေအပေါ် စီရင်ရာမှာ အဟန့်အတား ဖြစ်စေနိုင်တာကြောင်း လျှောက်လဲ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာပဲ တရားသူကြီး A.Akhiruddin @ Boy Acho က ဒဏ်ငွေမပေးနိုင်ရင် ထောင်ဒဏ် တစ်လစီကျခံဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသက် ၁၉ နှစ်နဲ့ ၃၄ နှစ်ကြား မြန်မာရွှေပြောင်းလုပ်သား (၄၁) ဦးဟာ ဧပြီလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံ Bandar Baru Salak Tinggi မှာ မနက် ၈ နာရီခွဲကနေ ၁၀ နာရီအထိ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်မှုပေါင်း ၅၄၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၈၉ ဦးရှိနေကာ နောက်ဆုံးသေဆုံးမှု ၈၈ ခုမြောက်ဟာ မြန်မာနိုင်ငံ ရွှေပြောင်း အလုပ်သမား တစ်ဦးဖြစ်တဲ့ အကြောင်း မလေးရှားကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။



မေလးရွားမွာ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရး အမိန႔္ခ်ိဳးေဖာက္ၿပီး သၾကၤန္ပြဲ လုပ္တဲ့ ျမန္မာ ၄၁ ေယာက္ကို ရင္းဂစ္ ၁၀၀၀ စီ ျပစ္ဒဏ္ခ်မွတ္

မေလးရွားႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္မႈအႏၲရာယ္ရွိေနခ်ိန္ သၾကၤန္ပြဲ လုပ္ခဲ့ၾကတဲ့ ျမန္မာႏိုင္ငံသား ေ႐ႊ႕ေျပာင္းအလုပ္သမား (၄၁) ေယာက္ကို မေလးရွားတရား႐ုံးက ဒဏ္ေငြအျဖစ္ ရင္းဂစ္ ၁၀၀၀ (ျမန္မာက်ပ္ ၃ သိန္းခြဲနီးပါး) စီ ခ်မွလိုက္ပါတယ္။

COVID-19 ေရာဂါကူးစက္မႈထိန္းခ်ဳပ္ေရးအတြက္ အစိုးရက ျပဌာန္း ထားတဲ့ Movement Control Order (MCO) “လႈပ္ရွားမႈထိန္းခ်ဳပ္ေရး အမိန႔္” ပါ ျပဌာန္းခ်က္ေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ အခ်က္နဲ႔ ဧၿပီလ (၂၀) ရက္ေန႔မွာ မေလးရွား တရားသူႀကီး A.Akhiruddin @ Boy Acho က သူတို႔အားလုံးကို ေထာင္ဒဏ္ခ်မွတ္ခဲ့တာပါ။

ျမန္မာႏိုင္ငံသား ေ႐ႊေျပာင္းအလုပ္သမားေတြဘက္က လိုက္ပါေဆာင္ ႐ြက္ေပးတဲ့ ေရွ႕ေနက သူတို႔အားလုံးဟာ တရားဝင္လာေရာက္ အလုပ္ လုပ္ကိုင္သူေတြျဖစ္ၿပီး ဆင္းရဲတဲ့ မိသားစုေတြက ဆင္းသက္လာသူေတြ ျဖစ္တာေၾကာင့္ ျပစ္ဒဏ္ကို ေငြဒဏ္ျဖစ္ေလွ်ာ့ေပါ့ေပးဖို႔ အယူခံဝင္ေပး ခဲ့တာပါ။

မေလးရွားအစိုးရေရွ႕ေနေတြကေတာ့ COVID-19 ကူးစက္မႈထိန္းခ်ဳပ္ ေရး Movement Control Order (MCO) “လႈပ္ရွားမႈထိန္းခ်ဳပ္ေရးအမိန႔္” ပါ ျပစ္မႈေတြကို က်ဴးလြန္မႈ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ငန္ေတြကို ထိခိုက္တဲ့ အျပင္ ဒီျပစ္မႈေတြကို တျခားက်ဴးလြန္သူေတြအေပၚ စီရင္ရာမွာ အဟန႔္အတား ျဖစ္ေစႏိုင္တာေၾကာင္း ေလွ်ာက္လဲ ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာပဲ တရားသူႀကီး A.Akhiruddin @ Boy Acho က ဒဏ္ေငြမေပးႏိုင္ရင္ ေထာင္ဒဏ္ တစ္လစီက်ခံဖို႔ ဆုံးျဖတ္ခဲ့တာပါ။

အသက္ ၁၉ ႏွစ္နဲ႔ ၃၄ ႏွစ္ၾကား ျမန္မာေ႐ႊေျပာင္းလုပ္သား (၄၁) ဦးဟာ ဧၿပီလ ၁၂ ရက္ေန႔က မေလးရွားႏိုင္ငံ Bandar Baru Salak Tinggi မွာ မနက္ ၈ နာရီခြဲကေန ၁၀ နာရီအထိ သၾကၤန္ပြဲေတာ္ကို က်င္းပခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာေတာ့ မေလးရွားႏိုင္ငံမွာ COVID-19 ကူးစက္မႈေပါင္း ၅၄၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၈၉ ဦးရွိေနကာ ေနာက္ဆုံးေသဆုံးမႈ ၈၈ ခုေျမာက္ဟာ ျမန္မာႏိုင္ငံ ေ႐ႊေျပာင္း အလုပ္သမား တစ္ဦးျဖစ္တဲ့ အေၾကာင္း မေလးရွားက်န္းမာေရးဌာန တာဝန္ရွိသူေတြက ေျပာၾကားထားပါတယ္။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)