သံမဏိနှင်းဆီ ဂျာနယ်တိုက် လူအသတ်ခံရမှုက လူမှုရေး ဖောက်ပြန်မှု ကြောင့်ဖြစ်

0
376

သံမဏိနှင်းဆီ ဂျာနယ်တိုက်မှာ လူသတ်ခံရတဲ့အမှုက လူမှုရေးဖောက်ပြန်မှုကြောင့် အသတ်ခံရတာဖြစ်ပြီး လူသတ်တရားခံလို့ ယူဆရတဲ့သူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လေးရက်အကြာမှာ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ဖော်ချက်အရ သေဆုံးသူ ဝေယံဟိန်းမှာ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်တာကြောင့် အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက သိရှိသွားတဲ့အတွက် အခုလို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တာပါ။

ဧပြီလ ၁၅ ရက် နေ့လယ် ၂ နာရီမှာ တရားခံလို့ယူဆရသူကို အောင်ကိုကိုက သံမဏိနှင်းဆီဂျာနယ်တိုက်က ဝေယံဟိန်းဆီ သွားရောက်ပြီး သူ့ရဲ့အမျိုးသမီးဖြစ်သူကို လာရောက်ရှာဖွေရာမှာ မတွေ့တဲ့အတွက် ဘယ်မှာလဲ လို့ မေးတဲ့အခါ တည်းခိုခန်းတစ်ခုမှာ ထားကြောင်း သေဆုံးသူက ပြောဆိုခဲ့ပါတယ်။

အဲဒီလို ပြောဆိုတဲ့နေရာမှာ အောင်ကိုကို မိန်းမက သူတစ်ဦးတည်းနဲ့ ဖောက်ပြန်တာမဟုတ်ဘဲ အခြားသူများနဲ့လည်း ဖောက်ပြန်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် စကားများပြီး စားပွဲပေါ်မှာတင်ထားတဲ့ ဓားနဲ့ ဝေယံဟိန်းရဲ့ဗိုက်ကို ၁၄ ချက် ၁၅ ချက်ခန့် ထိုးနှက်ခဲ့တာပါ။

ဝေယံဟိန်းကို ဓားနဲ့ထိုးပြီးနောက် အောင်ကိုကိုအနေနဲ့ ဝေယံဟိန်းရဲ့ iPhone SE ကို ယူဆောင်ပြီး ဇနီးနဲ့သားဖြစ်သူကို တည်းခိုခန်းကနေ သွားရောက်ခေါ်ယူကာ အဲဒီညနေမှာပဲ သူ့ရဲ့မိဘတွေရှိတဲ့ ပြင်ဦးလွင်မြို့က ငါးရံ့ချောင်းရွာကို တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန် အောင်ကိုကိုဝတ်ဆင်ခဲ့တဲ့ ဂျင်းဘောင်ဘီနဲ့ တီရှပ်တို့ကို ရန်ကုန်မြို့ မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သိမ်းဆည်းရမိခဲ့ပြီး အမှုနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေဖြစ်တဲ့ လက်တော့ပ် နဲ့ iPhone SE တို့ကို ဇနီးဖြစ်သူနဲ့ ပြင်ဦးလွင်ကို သွားရောက်တဲ့အခါ FEEL စားသောက်ဆိုင်ရဲ့ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ အသုံးပြုခဲ့တဲ့ ဓားကိုလည်း ဂျာနယ်စက္ကူနဲ့ထုပ်ပိုးပြီး ဂျာနယ်တိုက်မျက်စောင်းထိုးမှာရှိတဲ့ အမှိုက်ပုံးအတွင်း လွှင့်ပစ်ထားခဲ့ကြောင်း ထွက်ဆိုခဲ့တဲ့အတွက် သက်သေခံပစ္စည်းတွေ သိမ်းဆည်းရမိရေး အတွက် ဆက်လက်ရှာဖွေ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအမှုဖြစ်စဉ်မှာ တရားခံလို့ယူဆရသူ အောင်ကိုကို ဟာ သင်္ဘောသားတစ်ဦးဖြစ်ပြီး သူ့အမျိုးသမီးဖောက်ပြန်မှု ကြောင့် အခုလို လူသတ်မှုကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။

ဒီအမှုမပေါ်ပေါက်ခင်က သံမဏိနှင်းဆီဂျာနယ်ဟာ အရင်စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို အဓိက ဝေဖန်ရေးသားနေတဲ့အတွက် လုပ်ကြံခံရတာဖြစ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)