သဝန်ချောင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ဓားပြမှုနှင့်ပတ်သက်သည်ဟု ယူဆရသည့် မသင်္ကာဖွယ် လူ ၇ ဦး အား ဖမ်းဆီးထိန်းသိမ်း

0
300

မောင်တောမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှုနှင့် ပတ်သက်တဲ့သူတွေလို့ ယူဆရတဲ့ မသင်္ကာဖွယ် လူ ၇ ယောက်ကို ဧပြီ လ ၁၉ရက်နေ့ကဖမ်းဆီးထိန်းသိမ်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပရယ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဒူရာဟိန်လိုယူဆရသူအပါ လူ ၄ ယောက် ပါဝင်တဲ့ ဓားပြအဖွဲ့ဟာ သဝန်ချောင်းကျေးရွာအတွင်း မှာဝင်ရောက်ကာ သေနတ်ပစ်ခတ်ဓါးပြတိုက်ခဲ့တာဖြစ်ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ ပါတ်သက်လို့ သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက၊ အင်းဒင် အနောက်ရွာ (ခ) ထုန်ဆင်းကျေးရွာကို ၀င်ရောက်ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။။

ဖမ်းဆီးထိန်းသိမ်းထားသူတွေက နိုရိုဆလမ် ၂၄ နှစ်၊ ဆီရာဆူ ၁၅ နှစ်၊ ရော်ဖီအူလာ ၁၃ နှစ်၊ ရော်ဘီ ၂၇ နှစ်၊ မာမောက်အီစွပ် ၄၅ နှစ်၊ ခိုက်ရိုဆလင် ၂၀ နှစ်နှင့် နိုရိုလာမိန် ၂၆ နှစ်တို့ ဖြစ်ပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွှက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)