ဘာသာပြန်စာပေစာတမ်းဖတ်ပွဲကျင်းပဖို့ရှိ

0
310

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနဲ့နွေရာသီစာအုပ် ဈေးရောင်းပွဲတော်ကို ဧပြီလ(၂၉) ရက်နေ့ကနေ မေလ(၁)ရက်နေ့အထိ  ၃ ရက်ကြာ ရန်ကုန်မြို့ သိမ်ဖြူလမ်း မှာရှိတဲ့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီစာတမ်းဖတ်ပွဲကို  ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတာဖြစ်ပြီး စာတမ်းဖတ်ပွဲမှာ သုတ၊ရသ ဘာသာပြန်စာပေစာတမ်းပေါင်း (၁၅) စောင်ဖတ်ကြားမှာဖြစ်ပါတယ်။

ဒါအပြင် စာအုပ်ဈေးရောင်းပွဲပါပြုလုပ်သွားမှာဖြစ်ပြီး စာအုပ်ဆိုင်ပေါင်း (၁၀၀) ကျော်က ရောင်းချသွားမှာဖြစ်ပါတယ်။

 လက်ရှိအစိုးရလက်ထက်မှာ စာပေနဲ့ပါတ်သက်တဲ့ နိုင်ငံရေးစာတမ်းဖတ်ပွဲ ၊မိုးရာသီစာအုပ်ဈေးရောင်းပွဲ၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ၊ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲနဲ့ ရန်ကုန်စာအုပ်လမ်း တို့ကိုပြုလုပ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)