(JITCO)နဲ့ မြန်မာသံရုံးတို့ ပူးပေါင်းပြီး လူမှုဘ၀လုံခြုံမှုရရှိရေး ဆောင်ရွက်ပေးနေ

0
393

ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် Japan International Training Cooperation Organization (JITCO)နဲ့ မြန်မာသံရုံးတို့ ပူးပေါင်းပြီး လူမှုဘ၀လုံခြုံမှုရရှိရေး ဆောင်ရွက်ပေး နေတာဖြစ်ပါတယ်။ မြန်မာသံအမတ်ကြီးနဲ့ JITCO က တာဝန်ရှိသူတွေဟာ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက် အခုလို ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံစဉ် ဂျပန်နိုင်ငံသို့  လာရောက် အလုပ် လုပ်ကိုင် လိုသော မြန်မာနိုင်ငံသားများကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာ အလုပ်သမားများအနေဖြင့် ဂျပန်နိုင်ငံ၏ အလုပ်သမား ဥပဒေပါအခွင့်အရေးများ အပြည့်အ၀ခံစားနိုင်ရေးနှင့် မြန်မာအလုပ်သမားများ ဂျပန်နိုင်ငံ တွင်နေ ထိုင်လုပ်ကိုင် စဉ် လူမှုဘ၀လုံခြုံမှုရှိရေးတို့ ကိုလည်းကောင်း အကျယ် တ၀င့် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီအစီအစဉ်အရ မတ်လ(၁၈)ရက်က မြန်မာသံရုံး၊ တိုကျိုမြို့မှ သံမှူး ဒေါ်သိင်္ဂီအောင်နှင့် သံအရာရှိ ဒေါ်ခိုင်ဇာလဲ့ကျော်တို့ဟာ နီဂါတာခရိုင်၊ အီတိုဂါဝါမြို့ရှိ SBS International Human Resources Training Center မှာ ရောက်ရှိနေသော မြန်မာ အလုပ်သမား (၃၁) ဦးနှင့် သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ မြန်မာအလုပ်သမားတွေအနေဖြင့် လုပ်ကိုင်ရမယ့် အလုပ်အကိုင်၊ စက်ရုံတွေက ရရှိခံစားနိုင်မယ့် အလုပ်သမားအခွင့်အရေးတွေ၊ လစာတွေနဲ့ ပတ်သက်၍တွေ့ဆုံမေးမြန်း မှုပြုလုပ်ခဲ့ပြီး နေရာ ထိုင်ခင်း အခြေအနေကို သွားရောက်လေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံအလုပ်သမားတွေအနေဖြင့် လုပ်ငန်းခွင်သို့မဝင်ရောက်မီ ယင်း သင်တန်းကျောင်းမှာ (၁)လကြာ ဂျပန်ဘာသာ စကားနဲ့ နေထိုင်မှု အလေ့အထတွေကို လေ့လာ သင်ကြားရမှာဖြစ်ပြီး သင်တန်း ကာလပြီးဆုံး တဲ့အခါ ဟိုကိုင်းဒိုးမြို့ရှိ စားသောက်ကုန် လုပ်ငန်း၊ ထုတ်လုပ်ရေး လုပ်ငန်း၊ ဆောက် လုပ်ရေး လုပ်ငန်းနှင့် ရေလုပ်ငန်း စသည့် ကဏ္ဍအသီသီးက ကုမ္ပဏီတွေမှာ သွားရောက် လုပ်ကိုင်ရမှာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)