သတင်းထောက် ကိုဆွေဝင်း တရားစွဲခံရပြန်

0
291

Myanmar Now က အကြီးတန်း သတင်းထောက် ကိုဆွေဝင်းကို သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ ကျောက်တံတားမြို့နယ်မှာ အမျိုးသား တစ်ဦးက လာရောက်တိုင်ကြား ထားပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူ ကိုသက်မျိုးဦး ဆိုသူက တရားလိုလုပ် တိုင်ကြားတာဖြစ်ပြီး ဦးဝီရသူနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ လုပ်စဉ်မှာ ဖြေကြားချက်တွေအပေါ် မကျေနပ်တဲ့ အတွက် တရားရုံးကို ဦးတိုက် လျှောက်ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တရားရုံးက ရဲတပ်ဖွဲ့ကို စစ်ဆေးပေးဖို့ ညွှန်ကြားစာ ပေးသွားမှာ ဖြစ်ပါတယ်။

ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ဝေဖန်တယ်ဆိုပြီး မန္တလေးက ဦးကျော်မျိုးရွှေ ဆိုသူကလည်း ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)