မောင်တောမှာ စိတ်ကြွဆေးပြား ၅ သောင်းနီးပါး ဖမ်းမိ

0
268

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ (၆) ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်ရာမှာ စိတ်ကြွဆေးပြား ၄၉၄၀၀ ပြား မနေ့က မတ်လ ၂၀ ရက်နေ့မှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။


ကင်းလှည့်စဉ် မသင်္ကာသူ သုံးဦးကို စစ်မေးဖို့ သွားတာမှာ အထုပ်ကို ပစ်ချပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။

အထုပ်ကို ရွာသားတွေနဲ့ အတူ ဖွင့်ဖောက် စစ်ဆေးရာမှာ အဝါရောင် တိပ်နဲ့ ပတ်ထားတဲ့ အထုပ် ၅ ထုပ်ထဲကနေ YW စာတန်းပါ ဆေးပြားတွေ ဖမ်းမိတာ ဖြစ်ပါတယ်။ ငွေကျပ်တန်ဖိုး ၉၈၈ သိန်းကျော် တန်ဖိုးရှိပါတယ်။

သယ်ဆောင်လာသူ သုံးဦးကတော့ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)