Grab တက္ကစီ ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စမ်းသပ်

0
261

အရှေ့တောင်အာရှမှာ အကြီးဆုံး တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ Grab က ရန်ကုန်မြို့မှာ ဝန်ဆောင်မှုပေးဖို့ ဒီနေ့ မတ်လ ၂၁ ရက်က စပြီး စမ်းသပ်နေပြီ ဖြစ်ပါတယ်

Grab ဟာ ISO အသိအမှတ်ပြု လက်မှတ်ရ လုပ်ငန်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေနဲ့ ရန်ကုန်မှာ မကြာခင်က ပြောင်းလဲထားတဲ့ သယ်ယူပို့ဆောင်ရေး စနစ်မှာ ကူညီမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Grab မိုဘိုင်း အပလီကေးရှင်းကို သုံးပြီး ခရီးသည် ရှာနေတဲ့ အငှားယာဉ်တွေကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းကနေ တက္ကစီ ခေါ်ယူတာမျိုးကို ရန်ကုန်မှာ အတွေ့အကြုံ မရှိသေးပေမယ့် စမ်းသပ်ကာလအတွင်း အငှားယာဉ် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း လုပ်ကိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသုံးပြုလိုသူတွေ အနေနဲ့ Google Play ရဲ့ App Store မှာ Grab အပလီကေးရှင်းကို အခမဲ့ယူနိုင်ပါတယ်။ Sign Up လုပ်ပြီးမှ စတင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)