မိုင် ၂၆၀ တာဝေး စက်ဘီးပြိုင်ပွဲ ကျင်းပမယ်

0
288

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံ စက်ဘီးစီး အဖွဲ့ချုပ်က မတ်လ ၂၃ ရက်ကနေ မတ်လ ၂၆ ရက်အထိ မိုင် ၂၆၀ လူသစ်တန်း တာဝေး စက်ဘီးစီး ပြိုင်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ခြွင်းချက် အနေနဲ့ လူသစ်တန်း ဖြစ်တဲ့အတွက် လက်ရွေးစင် ဖြစ်ဖူးသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ကြေညာထားပါတယ်။

ရက်အလိုက် ခရီးစဉ်တွေကို ပဲခူး တာလွှတ် ကျိုက်ထို ပန်းဝင်၊ ကျိုက်ထို တာလွှတ် ဘားအံ ပန်းဝင်၊ ဘားအံ တာလွှတ် ကျိုက်ထို ပန်းဝင်၊ကျိုက်ထို တာလွှတ် ပဲခူး ပန်းဝင်ဆိုပြီး ပိုင်းခြားထားပါတယ်။

ဆုကြေးကိုလည်း ခရီးတစ်ဖြတ်ချင်းစီ ချီးမြှင့်မယ့် အစီအစဉ်ရှိပြီး နေ့စဉ် ဆုငွေ ပထမ ၁ သိန်းခွဲ၊ ဒုတိယ ၁ သိန်း၊ တတိယ ၇ သောင်းခွဲတို့ ဖြစ်ပါတယ်။

ချန်ပီယံဆု အနေနဲ့ကတော့ ၁၅ ဦးရွေးချယ်မှာ ဖြစ်ပြီး ပထမရသူက ကျပ် ၇ သိန်းနဲ့ ရွှေတံဆိပ်ဆု၊ ဒုတိယ ကျပ် ၅ သိန်းနဲ့ ငွေတံဆိပ်ဆု၊ တတိယ ကျပ် ၄ သိန်းနဲ့ ကြေးတံဆိပ်ဆု တို့ဖြစ်ပြီး ၁၅ ဦးမြောက်အတွက်ကတော့ ကျပ် ၅ သောင်းနဲ့ ဆုတံဆိပ် စသဖြင့် တဆင့်စီ ပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် MCF (နေပြည်တော်)၊ GTM Showroom (ရန်ကုန်) တို့မှာ စုံစမ်းနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)