အမေရိကန် စစ်သင်္ဘော မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ဆိုက်ကပ်

0
307

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေတပ်က အထူး စစ်သင်္ဘော ရန်ကုန်မြို့မှာ လာရောက် ဆိုက်ကပ်ပါတယ်။

USNS Fall River လို့ အမည်ရတဲ့ စစ်သင်္ဘောဟာ အမြန် သယ်ယူပို့ဆောင်ရေး ရေယာဉ် တစ်မျိုးဖြစ်ပြီး သီလဝါ ဆိပ်ကမ်းမှာ ဒီနေ့ မတ်လ ၂၁ ရက်က ဆိုက်ကပ်တာ ဖြစ်ပါတယ်။

မြန်မာမာနိုင်ငံဆိုက်ကပ် နေစဉ်အတွင်း အမေရိကန်ရေတပ်ရဲ့ အမှတ် (၇) ရေတပ် သင်္ဘောက ဂီတတီးဝိုင်းဟာ မြန်မာနိုင်ငံက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဂီတအနုပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ၊  အမေရိကန်စင်တာမှာလည်း မတ်လ ၂၄ ရက်၊ သောကြာနေ့ ကျရင် ညနေ ၆ နာရီကနေ ၇ နာရီခွဲအထိ အခမဲ့ ဂီတဖျော်ဖြေပွဲလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

မရိန်းတပ်ဖွဲ့၊ သင်္ဘောသား၊ စစ်သည်နဲ့ အရပ်သားတွေ ပါဝင်တဲ့ အဲဒီ အထူးသင်္ဘောဟာ သီရိလင်္ကာကို ဝင်ရောက်ဆိုက်ကပ်ပြီး အဲဒီကနေ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။ ပြီးရင် မလေးရှားကို ဆက်လက် ခုတ်မောင်းမှာ ဖြစ်ပါတယ်။

မလေးရှားမှာ ပစိဖိတ် မဟာမိတ် လူသားချင်း ထောက်ထားမှု အကူအညီပေးရေးနဲ့ သဘာဝ ဘေးဒဏ်ကနေ ပြန်လည် ထူထောင်ရေးတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)