နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေကို မြန်မာ တံခါးဖွင့်ထား

0
283

ကဏ္ဍအသီးသီးမှာ အလုပ်ဖြစ်စေဖို့အတွက် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေ လိုအပ်ပြီး တံခါးဖွင့် ကြိုနေကြောင်း စီးပွားရေး အတိုင်ပင်ခံ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း ဆိုင်ရာတွေမှာ ကျွမ်းကျင်လုပ်သားတွေ လိုနေတယ်လို့ ရန်ကုန်အခြေစိုက် စီးပွားရေးအတိုင်ပင်ခံ အင်ဒရူး တန် ကို ကိုးကားပြီး ဖိလစ်ပိုင် အခြေစိုက် ABS-CBN သတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမယ့် မြန်မာပြည်ဟာ ကြီးထွားစ ဈေးကွက်ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သတိကြီးကြီး ထားရမယ်လို့ တန်က သတိပေးပါတယ်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မြန်မာပြည်ကို အလည်အပတ်လာရောက်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)