ဘင်္ဂလားဒေ့ရှ် နယ်စပ်ရောက် ဒုက္ခသည် မွတ်စလင်များအတွက် ဒေါ်လာ ၃ သန်းကျော် အကူအညီလို

0
245

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နယ်မြေရှင်းလင်းမှုတွေ လုပ်နေစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ မွတ်စလင် ဒုက္ခသည် ၇ သောင်းခွဲ အတွက် အကူအညီ ဒေါ်လာ ၃ သန်းကျော် လိုတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကောက်ဘဇား ခရိုင်ထဲက ဒုက္ခသည်စခန်းမှာ မွတ်စလင် ဒုက္ခသည်တွေဟာ ထူထပ်ကြပ်တည်းစွာ နေရပြီး အခြေအနေက အလွန်ဆိုးတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဘဲ အဟာရရှိတဲ့ စားနပ်ရိက္ခာတွေလည်း မရှိဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအသင်း၊ ဘင်္ဂလားဒေ့ရှ်ရုံးက တာဝန်ရှိသူ အက်ဇမတ် အူလာက ပြောပါတယ်။

အဓိက လိုတာက ခိုလှုံစရာ တဲတွေဖြစ်ကြောင်း၊ ရေကြီးမှုနဲ့ ဆိုင်ကလုန်း မုန်တိုင်း ရာသီဖြစ်တာကြောင့် လက်ရှိ ယာယီတဲတွေနဲ့ မလုံလောက်ကြောင်းလည်း အူလာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)