ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းအတွက် လျော်ကြေးတွေ အပြီးသတ် ပေးအပ်

0
355

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအတွက် တည်ဆောက်မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းမှာ မလွတ်ကင်းတဲ့ နေအိမ်၊ အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့ မြေယာလျော်ကြေး၊ ထောက်ပံ့ကြေးငွေတွေ အပြီးသတ် ပေးအပ်ပြီး ဖြစ်ပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတား ပုံစံငယ် (ပုံ – MOI)

အဲဒီလို လျော်ကြေး အပြီးသတ် ပေးအပ်နိုင်တာကြောင့် တံတားစီမံကိန်းကို ဧပြီလ သင်္ကြန်တွင်းမှာပဲ စတင် အကောင်အထည် ဖော်တော့မှာပါ။

၂၀၁၆ ခုနှစ်အတွင်းမှာ လျော်ကြေး သိန်းပေါင်း တစ်သောင်း တကြိမ်၊ ၃၉၇ သိန်း တစ်ကြိမ်၊ ၂၀၁၇ အတွင်း ၄၂၁၄ သိန်း တစ်ကြိမ် စုစုပေါင်း သိန်း တစ်သောင်း လေးထောင် ခြောက်ရာကျော် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတားဟာ အမေရိကန် ဒေါ်လာ ၁၆၈ သိန်း ကုန်ကျနိုင်ပြီး ၂၀၂၀ မှာ ပြီးဆိုမယ်လို့ ခန့်မှန်းထားပါတယ်။

ကုန်ကျစရိတ်ကို ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ရန်ပုံငွေက အမေရိကန် ဒေါ်လာ ၁၃၇ သန်း ချေးပေးမှာဖြစ်ပြီး ပြည်တွင်းရန်ပုံငွေက သန်း ၃၀ ထည့်ဝင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)